Episode 4

6.8K 364 26
                                    

''ဒါဆိုအချိန်ညှိပေးထားပြီးကိုယ့်ကိုအကြောင်းပြန်ပေးပါ''

ဖုန်းကိုချလိုက်ပြီးနောက် Laptop Screenပေါ်တွင်လွန်ခဲ့သောရက်များက သူငယ်ချင်းဖြစ်သူ Dr Peter၏ Live Surgery Recordတစ်ခုကိုကြည့်ရင်းငြိမ်သက်နေပြီးစဥ်းစားနေမိသည်။ ခွဲစိတ်မှုပြုလုပ်နေသည့်အချိန်တွင် ထူးဆန်းသည့်Caseတစ်ခုကိုတွေ့ခဲ့တာကြောင့် ရှာဖွေနေသည်မှာ၃ရက်ခန့်ရှိပြီဖြစ်၏အစွမ်းကုန်ကြိုးစားပြီးရှာဖွေခဲ့သော်လည်းအဖြေရှာမတွေ့ခဲ့။ဒါကြောင့် Germany မှအသိမိတ်ဆွေဆရာဝန်များအား ဒီအကြောင်းအရာနှင့်ပတ်သက်လို့ပါဝင်ဆွေးနွေးခိုင်းထားပြီး အတွင်းရေးမှူးဖြစ်သူကိုmeeting ရက်ကိုသတ်မှတ်ခိုင်းထားရသည်။

နှစ်ပေါင်းဆယ်စုနှစ်မပြည့်တပြည့်ဖြစ်ခါနီးတွင်အမိမြေကိုပြန်ခြေချရသည့်အတွက် စိတ်ကတော့လန်းဆန်းနေပေမယ့်တာဝန်ကြီးသော Surgeryတစ်ခုကိုလုပ်ဖို့ကပုခုံးပေါ်တင်ထားရသောဝန်ထုပ်တစ်ခုလိုဖြစ်နေသည့်အခါ ပျော်ရွှင်မနေသည်ကအမှန်ပင်။

လက်ထောက်ဆရာဝန်ဘဝမှစထွက်သွားသောဒီနိုင်ငံဟာ အခုတော့အတော်လေးပြောင်းလဲလာပြီး ခေတ်မှီတိုးတက်မှုတစ်ချို့ကိုလည်းမြင်တွေ့လာရသည့်အတွက်ဝမ်းသာမိသည်။အနည်းငယ်တိုးတက်မှုနောက်ကျနေသော်လည်းအရမ်းတော့လည်းမဆိုးဝါးလွန်းနေ။လွန်ခဲ့သောနှစ်တွေတုန်းကပစ္စည်းအင်အား လူအင်အားဘာဆိုဘာမှမလုံလောက်သည့်အတွက်တကယ့်တကယ်အရည်ချင်းရှိသည့်ဆရာဝန်တွေဘယ်လောက်များဒုက္ခရောက်ခဲ့ရပါလဲ။

သို့သော် အခုတော့အထပ်မြင့်အဆောက်အဦးများဆောက်လုပ်၍အဆင့်မြင့်စက်များနှင့်နိုင်ငံတကာအဆင့်မှီဖြစ်လာတာကြောင့်အာလုံးအဆင်ပြေလာသည်။အရည်အချင်းရှိသည့်ဆရာဝန်များအတွက်အခွင့်အလမ်းတွေများလာပြီး ပြည်တွင်းမှာသာပညာယူ၍ဒီအလုပ်နှင့်အသက်မွေးဝမ်းကျောင်းမယ့်Generationတွေအတွက်လည်းအထောက်အကူဖြစ်စေ၏။

ဒါတွေဆက်စပ်စဥ်းစာမိသည့်အခါGermany မပြန်တော့ပဲဒီမှာသာအခြေချရမလားဆိုသည့်အတွေးတချို့တောင်ဝင်လာမိသည်။

''Lungs နဲ့ဆိုင်လောက်မလား''

ခပ်တိုးတိုးရွေရွတ်လိုက်ပြီးမှာထားသည့်ကော်ဖီခွက်ကိုကိုင်ရင်းတစ်ငုံသောက်လိုက်သည်။အလုပ်လုပ်ရမည့်ဆေးရုံအနီးအနားကCoffeeဆိုင်တစ်ခုတွင်ထိုင်နေခြင်းဖြစ်ပြီး တိတ်ဆိတ်ငြိမ်သက်မှုနဲ့တင်သဘောကျမိသည်။ပုံမာန်ဆိုCoffee ဆိုင်ထိုင်လေ့မရှိသော်လည်း ဆိုင်ရဲ့Decorations လေးကဆွဲဆောင်မှုရှိသည်မလို့ ဝင်လိုက်ခြင်းဖြစ်ပြီး ဝင်လိုက်မိသည့်ကိုယ့်ကိုစိတ်မပျက်စေရ။လူများစွာရှိသော်လည်း ဆူညံမနေ သောအခါ နောက်တစ်ကြိမ်ထပ်လာဖို့ရာ အမှတ်ပေးလိုက်မိ၏။

Day (ဒေး)Where stories live. Discover now