Episode 13

4.3K 358 93
                                    

Laptop ထဲမှ Pancreas အတွက် စုဆောင်းထားသည့် fileများ နှင့် Surgery မှတ်တမ်း များကို အားလုံးကို တစ်စုတစ်စည်းထဲဖြစ်သွားအောင် USB ထဲထည့်လိုက်ပြီးနောက် သိမ်းလိုက်သည်။ ဒီ Clip ကို ဒေးအား လေ့လာရန် ပေးရမည်။ ခဏနေရင် ဝန်ကြီးချုပ်ကိုယ်တိုင်ဆေးရုံကိုလာမည်ဖြစ်ပြီး အကြောင်းကတော့ Surgery အတွက် Meeting လုပ်ရန်။

Meeting ကို လက်ထောက်ခွဲစိတ်ဆရာဝန်ဖြစ်တဲ့ ဒေးက တက်ရန်လိုကြောင်းဌာနမှူးကတဆင့် ပြောခိုင်းပါသော်လည်းသေချာပေါက်မလာဘူးဟုအပြတ်ငြင်းထား၏။ အသာတကြည်လက်ခံရင် ဝဏ္ဏဒေး မဟုတ်ဘူးဆိုတာ သတ္တသိသည်။ သို့သော် ဒီ Meeting အား ဒေးကမဖြစ်မနေတက်ရမည်ဖြစ်သောကြောင့် ဒေးရဲ့ဖုန်းနံပါတ်အား Sms ကနေစာလှမ်းပို့ထားသော်လည်း ဘာreplyမှပြန်မလာ။

ဂျစ်တီးဂျစ်ကန်လေးအား Surgery ကို လက်ခံမည်ဟုမထင်ထားခဲ့သည်ကအမှန်ပင်။ဘာပဲဖြစ်ဖြစ် Accept လုပ်ပေးတာကိုပဲ အတော်လေးကျေးဇူးတင်ရမည်ဖြစ်ပြီး Surgery အတွက် လိုအပ်သည်ကို Meeting များကိုတော့ ဒီလိုပဲချော့မော့ခေါ်ရမှာပဲ။

တွေးလိုက်တိုင်း ရင်ခုန်ရသည့်ဟိုတ​နေ့ညကအဖြစ်အပျက်အား ညီ ပြန်ပြီးသတိမရစေဖို့ပဲဆုတောင်းနေရသည်။မဟုတ်ရင် ဒီကောင်လေးဘယ်လောက်တောင်နေရခက်နေပါမလဲ ပေါက်ကွဲနေပါမလဲဟုတွေးရင်းရယ်မိပြန်၏။

''ဒေါက်တာ ဝန်ကြီးချုပ် ရောက်ခါနီးပါပြီ''

office landline မှထွက်လာသည့်အတွင်းရေးမှူးရဲ့ အသိပေးစကားသံကြောင့် ထိုင်ရမှထလိုက်ပြီး Duty Coat ကို ထပ်ဝတ်ကာဝန်ကြီးချုပ်အား ကြိုရန်Floor 1 ကိုဆင်းလာလိုက်သည်။သတ္တနည်းတူ ဆေးရုံမှဌာနမှူးများ ဆေးရုံအုပ်နှင့် လူတော်တော်များ ဆေးရုံအဝင်ဝတွင် တန်းစီကာရပ်စောင့်နေကြ၏။ဖြည်းဖြည်းချင်းလျှောက်သွားသည့်နောက် ထိုလူများဟာခေါင်းများငုံ့ကာ အနောက်သို့ဆုတ်ကာနေရာပေးကြသည်။ခဏအကြာ အနက်ရောင်ကား၃စီးဆေးရုံရှေ့ဆိုက်ကပ်လာပြီး Suit အပြည့်ဝတ်ထားသည့် လူများစွာ ကားတွေထဲမှဆင်းလာ၏။

ထို့နောက် ကားသုံးစီးအနက်အလယ်တစ်စီးမှ သက်ကြီးပိုင်းအရွယ်အမျိုးသမီးတစ်ယောက်ဆင်းလာသည့်အခါ သတ္တပြုံးရင်းထိုအမျိုးသမီးအနားသို့လျှောက်သွားလိုက်ပြီး ကူတွဲပေးလိုက်သည်။

Day (ဒေး)Where stories live. Discover now