Episode 5

7.6K 421 39
                                    

''မင်း...မင်းဒီပုံစံနဲ့အိမ်ထောင်ဘက်သွားတွေ့မှာလား''

အံ့ထူးကအံ့သြတကြီးနှင့်ပြောလာသည့်အခါ မှန်ထဲမှဒေးကိုယ့်ကိုယ်ကိုကြည့်ရင်းနှုတ်ခမ်းတစ်ဖက်တွန့်ကွေးသွားသည်အထိပြုံးလိုက်သည်။Styleအဖြစ်လုပ်ထားတဲ့ အပြဲအရာများသော အပြာရောင် Jean Pantအရှည်နှင့်အပေါ်ကလက်ပြတ်အင်္ကျီအဖြူရောင်ဝတ်ထားသည့်အတွက်ဒေးပုံစံမှာဖရိုဖရဲပုံစံဖြစ်သော်လည်းကြည့်ကောင်းနေသည်။

သေချာပေါက် ကိုယ့်ဘက်ကကြည်ဖြူသည့်တွေ့ဆုံခြင်းမဟုတ်တာကြောင့် အံ့ထူးရွေးပေးထားသောCharcoal  Grey Suit အားလျစ်လျှူရှုထားလိုက်၏။

''သားကြီး''

''ကျစ် ဒီတိုင်းကဘာဖြစ်နေလို့လဲ''

''မင်းသွားတွေ့ရမယ့်စော်ကြီးကနယ်နယ်ရရမဟုတ်ဘူးနော် သူ့အဖေကအကောင်ကြီးကွ''

Parfum များစွာထဲကမှ BLEU DE CHANEL ကိုယူ၍ အနည်းငယ်စွတ်လိုက်ပြီးနောက် အံ့ထူးဘက်လှည့်ကာ။

''အဲ့ဒီအကောင်ကြီးဆိုတဲ့ကောင်ရဲ့သမီးကိုငါဘယ်လောက်ကြီးကြောင်းသွားပြမှာ''

''မင်းကတော့တကယ့်ကောင်ပဲဒေးရာ''

''ဟေ့ ငါ့ကိုအပြစ်မတင်နဲ့ငါကအေးဆေးနေတဲ့ကောင် အစကတော့သွားဖို့အစီစဥ်မရှိဘူး ဦးဝဏ္ဏကျော်စွာကအတင်းတောင်းဆိုနေလို့သူချိန်းတာလက်ခံလိုက်တာလေ ဟက်...''

သဘောတကျကျနှင့်ရယ်မောလိုက်သည့်အခါ အံ့ထူးကခေါင်းခါရင်းသက်ပြင်းချသည်။အိမ်ထောင်ပြုဖို့ဆိုတာ ဒေးအတွက်မဖြစ်နိုင်သည့်ကိစ္စမျိုး။တစ်ယောက်ယောက်ကိုလက်ထပ်လိုက်လဲလူပိုရှုပ်လာမယ့်တူတူဘာမှထူးထူးခြားခြားဖြစ်လာမည်မဟုတ်သည့်အတွက်အိမ်ထောင်ပြုခြင်းကိုငယ်စဥ်ကတည်းကစိတ်မဝင်စား။အထူးသဖြင့်မာမီနှင့်ဦးဝဏ္ဏကျော်စွာ၏အိမ်ထောင်ရေးကို ​မျက်မြင်ကိုယ်တွေ့မြင်ခဲ့ရသူအဖို့ဒေးအတွက်အိမ်ထောင်ပြုခြင်းက စိတ်ပျက်ဖို့ကောင်းသည့်အရာတစ်ခုလိုပင်။

တစ်ယောက်ယောက်က Control လုပ်မှာကိုလဲမကြိုက်သလို တစ်ယောက်ယောက်ကို Controlလုပ်ရမှာကိုလဲမကြိုက်။ဆေးရုံ နှင့် လူနာတွေကြားအချိန်ကုန်ရင်းလွတ်လွတ်လပ်လပ်နေရသည်ကိုပဲသဘောကျမိ၍အခုလက်ရှိနေထိုင်မှုပုံစံဟာဒေးအတွက်အဆင်ပြေဆုံး။

Day (ဒေး)Where stories live. Discover now