Episode 10

5K 353 62
                                    

''ဒေါက်တာဒေး''

အနောက်မှခေါ်သံကြောင့် သွားနေသည့်ခြေလှမ်းများရပ်တန့်သွားပြီးလှည့်ကြည့်လိုက်၏။ထိုအခါ အနားကိုရောက်လာသည့်ဖြူဖြူသေးသေးကောင်လေးတစ်​ယောက်ကြောင့်ဒေးရဲ့မျက်ခုံးများအနည်းငယ်ပင့်သွားရသည်။

Duty Coat အဖြူရောင်အောက်တွင်ဝတ်ထားသည့် Crop Top အနီရောင်နှင့် အပြာရောင် Jean Pantတို့မှာ လိုက်ဖက်ဟန်ရှိပြီး ခါးတဝက်လောက်သာရှိသည့် Crop Topကြောင့်ပေါ်လွင်နေသောဖြူဖြူဖွေးဖွေး Flat Bellyလေးနဲ့ခါးသွယ်သွယ်တို့ဆီအကြည့်တို့အရောက် ဒေးမျက်လုံးများအနည်းငယ်မှေးကျဥ်းသွားသည်။

''ကိုယ့်ကိုခေါ်လိုက်တာလား''

''ဟုတ်ကဲ့''

ကောင်လေးကတချက်သာမော့ကြည့်၍မျက်လွှာချပြီးရှက်သွေးဖြာနေသောမျက်နှာနှင့်သူ့လက်ထဲမှဖုန်းအားဒေးအရှေ့သို့တိုးပေးလာ၏။

''ဒေါက်တာ့ရဲ့Phone Number လိုချင်လို့ပါ''

ထိုကောင်လေးအားတချက်ကြည့်လိုက်ပြီးနောက်ဒေးတွေဝေခြင်းမရှိပါပဲ သူ့ဖုန်းအားယူ၍ဒေးရဲ့ဖုန်းနံပါတ်အားခေါ်လိုက်သည့်အခါ ကောင်လေးကကျေနပ်သွားဟန်။

''CS ကပဲ အသစ်လေးလား''

''ဟုတ်ကဲ့ ၂ပတ်လောက်တော့ရှိပါပြီ ဟန်လင်းလို့ခေါ်ပါတယ်ဒေါက်တာနဲ့ ခင်ချင်လို့ပါ''

ဒေးရဲ့ Eyes smile တချို့ကို ကောင်လေးကမြင်သွားသည့်အခါ ငေးမောကြည့်လာသည်။

''ခင်ချင်ရုံပဲလား''

ခပ်ညစ်ညစ်ပြုံး၍ မေးလိုက်သည့်အခါ ထိုကောင်လေးကရယ်သည် ဘာမှတော့ပြန်မပြော ဒီလောက်ဆို ဒေးအထှာပေါက်ပြီ။

''ကိုယ့်အကြိုက်ပုံစံလေးပဲ''

ဒီလိုအလှလေးတွေကိုဒေးသဘောကျ၏။အထူးသဖြင့် ဒေးတကိုင်စာလောက်လေး Flat ဖြစ်နေတဲ့ Belly လေးကဒေးအားဆွဲဆောင်နေသည်လေ။

''ရှက်ဖို့ကောင်းမှန်းသိပေမယ့် ဟန်လေး ဒေါက်တာနဲ့Dateချင်ပါတယ်''

''ကိုယ်လက်ခံတယ်''

ဒေးပြောလိုက်သည့်အခါ ကောင်လေးရဲ့မျက်လုံးများဟာအရောင်တောက်သွားပြီးမျက်နှာလေးထက်အပြုံးလေးများတလက်လက်နှင့်။

Day (ဒေး)Where stories live. Discover now