Episode 9

5.7K 355 83
                                    

Bar အတွင်းသို့ခြေချလိုက်သည်နှင့် အရမ်းဆန်းသစ်ပြီး ဆွဲဆောင်မှုရှိလွန်းသည့် decoration ပုံစံကြောင့်သတ္တမျက်ခုံးများပင် ပင့်သွားရသည်။တန်ဖိုးကြီး ပစ္စည်းများစွာ ပန်းချီကားများစွာနှင့်အတွင်းပိုင်းအပြင်အဆင်နှင့် ဝါကျင့်ကျင့်မီးရောင်တို့မှာ ခမ်းနားသည့်အသွင်ကိုဆောင်၏။ ဒီနိုင်ငံတွင်ဒီလိုBar မျိုးရှိနေသည်က မယုံနိုင်စရာပင်။ပုံမာန်ဆိုလျှင်တော့ ဆူညံပြီး လူရှုပ်သည့်နေရာများကိုမနှစ်သက်၍ Bar လို Clubလိုနေရာမျိုးတွေအားခြေဦးမလှည့်တတ်ပေမယ့် အပေါင်းသင်းများနှင့်ဆုံမည်ဖြစ်သည့်အတွက် သူတို့ချိန်းသည့်နေရာသာလိုက်လာခဲ့ရခြင်း။ သို့သော်ဒီ Bar က ထင်သလောက်လဲဆူညံနေခြင်းမရှိ Unplug မှသီချင်းသံလောက်မျှသာ။

''သတ္တ...''

ခပ်လှမ်းလှမ်းမှ အပြေးရောက်လာသည့်ငယ်သူငယ်ချင်းဖြစ်သူ ညီသော် မှာအားရဝမ်းသာနှင့်သတ္တအားလာဖက်ထားသည်။ထို့နောက် တဟားဟားရယ်လျက်။

''ငါ့ကောင်ကြီး မင်းကတော့ ဘာမှကိုမပြောင်းလဲလာတာပါကွာ လာ... ဟိုဘက်မှာဝိုင်းက အားလုံးမင်းကိုစောင့်နေကြတာ''

ညီသော်လက်ညိုးညွှန်ရာဘက်လှမ်းကြည့်လိုက်သည့်အခါ တဖက်ဝိုင်းမှာ စောင့်နေကြသော သူငယ်ချင်းများစွာဟာလက်များဝေ့ရမ်းပြကြသည်မလို့ နှုတ်ခမ်းများကော့ညွှတ်သွားသည်။ ထိုဝိုင်းအနားသို့လျှောက်လာလိုက်ပြီးနောက် ဝင်ထိုင်လိုက်သည့်အခါ သူငယ်ချင်းများအားလုံးကသတ္တအားဝမ်းပန်းတသာနှင့် စီးကြိုကြ၏။

''ငါတို့ကမင်းအစားအိုပေးနေရတဲ့ပုံပဲ သတ္တကျော်''

''ဘယ်နှယ့်ကွာ သွားတုန်းကလဲဒီတိုင်း ဟောဆယ်နှစ်လောက်ကြာပြီးပြန်လာတော့လဲဒီအတိုင်းပဲ''

အားလုံးတစ်ညီတညွှတ်တည်းဝိုင်းပြောလာသည့်စကားသံတွေကြောင့် နားထင်အားလက်ညိုးနှင့်ကုတ်ခြစ်အားခပ်ဖွဖွရယ်လိုက်သည်။

''မဟုတ်ရပါဘူးကွာ... အားလုံးအဆင်ပြေကြရဲ့လား''

''ပြေပါတယ်ကွာ''

ဆယ်နှစ်လောက်အချိန်အတွင်း ကိုယ်တစ်ယောက်သာအိမ်ထောင်ပြုဖို့ကိုမတွေးခဲ့ တစ်ကိုယ်တည်း နေလာသော်လည်း အတူတူ ပေါင်းလာခဲ့သည့်ငယ်သူငယ်ချင်းအပေါင်းအသင်းများအားလုံးအိမ်ထောင်ကိုယ်စီကျ၍ မိသားစုနှင့်ဖြစ်လာကြပြီး အသီးသီးနယ်ပယ်တစ်ခုစီမှာအောင်မြင်သည့်လုပ်ငန်းရှင်များဖြစ်လာကြသည်။

Day (ဒေး)Where stories live. Discover now