Episode 7 (Warning)⚠

8.9K 364 52
                                    

ညကသောက်တာများသွားသည့်အတွက်အနည်းငယ်မူးဝေနေသောကြောင့် သန့်စင်ခန်းတွင်မျက်နှာအားရေနှင့်ခပ်ကြမ်းကြမ်းသစ်လိုက်သော်လည်း နောက်ကျိကျိဖြစ်နေသေးသည်။

''-ီးလိုပဲ''

လက်မှာပတ်ထားသည့်နာရီမှလက်တံလေးတွေမှာဒေးကိုလှောင်ရယ်သယောင်။ခဏနေရင် Operation ဝင်ရမည်ဖြစ်ပြီး ဒီမကြည်မလင်ခေါင်းကြီးနဲ့ ဘယ်လိုလုပ်ရမလဲတွေးရင်းစိတ်ရှုပ်မိသည်။ မျက်နှာသုတ်ပုဝါနှင့်ခပ်ကြမ်းကြမ်းသုတ်လိုက်ပြီးနောက် Scrub suit ကိုလဲလိုက်ကာဂျူတီကုတ်ကိုလက်မှာကိုင်ဆွဲ၍ အပြင်ဘက်ခုံတန်းတွင်ထိုင်နေလိုက်၏။

သေချာပေါက် Tequila အကျိုးကျေးဇူးတွေဖြစ်ပြီးညကတော့အသိစိတ်ပျောက်သည်အထိ Bar တွင်မူးရူးအိပ်ပျော်သွားရသည်။Alcohol အနည်းငယ်မျှဝင်ရုံနှင့် ဘာမှလဲမသိနိုင် ဦးနှောက်ဟာဗလာဖြစ်သွား၍ မိုးလင်းသည့်အခါ Alarm လဲနားထဲမတိုး အံ့ထူးတို့လာနှိုးမှသာ နိုးလာပြီးဆေးရုံကိုအသည်းအသန်လာခဲ့ရခြင်း။

''ဒေါက်တာဒေး နေမကောင်းဘူးလား''

လက်ထဲတွင် စာရွက်များစွာကိုင်ရင်းနှင့်ဒေးအနားရောက်သောဖိုးပြည့်ကမေးလာသည့်အခါ ဒေးတချက်လှမ်းကြည့်လိုက်ပြီး နံရံကိုခေါင်းမှီထား၍ ငြိမ်သက်နေလိုက်သည်။

''ညကခွေးလိုဝက်လိုသောက်လိုက်တာ''

''အရက်နာကျနေတာပေါ့''

ရယ်သံသွေးသည့်အသံနှင့်ပြောလိုက်သည့်အတွက် ဒေးမှာခေါင်းငြိမ့်ပြရုံမှလွဲဘာမှမပြောနိုင်တော့။

''ဘယ်နှနှာရီရှိပြီလဲ''

''၁၀ နာရီ ၄၀မိနစ်ဒေါက်တာ''

''ဒီနားမှာခဏမှေးလိုက်ဦးမယ် ငါ့ကို နောက်၁၅မိနစ်နေရင်လာနှိုးပေးစမ်းပါကွာ''

''ဟုတ်ကဲ့ပါ ဒေါက်တာ''

ထိုအခါ ဒေးစိတ်ချလက်ချနှင့်မျက်လုံးများမှိတ်ထားလိုက်ပြီးနောက် ခဏတာအနားယူလိုက်သည်။ ဒီလိုမှမဟုတ်ရင် မူးဝေနေသည့်အာရုံနှင့် ခွဲခန်းထဲသို့သွား၍လူနာအားသွားကိုင်လိုက်ပါကလူသတ်သလိုဖြစ်ကုန်ပြီး ငါးပါးတွေမှောက်ကုန်မည်။ GS တစ်ယောက်ဖြစ်သည့်ဒေးအတွက် ဒုတိယအကြိမ် CABG Surgery ဖြစ်ပြီး ဒီတစ်ကြိမ်တွင်တော့ ဦးဆောင်ခွဲစိတ်မည့်သူဆီမှ ဒီခွဲစိတ်မှုနှင့်ပတ်သက်လို့လေ့လာရန်ရှိသည်ဖြစ်၍ဝင်ခဲ့ခြင်း။

Day (ဒေး)Where stories live. Discover now