Episode 11

5.7K 394 77
                                    

''ကျွန်တော်လက်မခံနိုင်ဘူး''

ဖွားဖွားရဲ့အလိုမကျဟန်အကြည့်တို့ဟာ ဖြတ်ခနဲရောက်လာသည်။မကြာခင်အမွေဆက်ခံရမည်ဖြစ်ပြီးအိမ်ထောင်ပြုရန်ပါ တိုက်တွန်းနေသည်မလို့ စိတ်ရှုပ်ရသည်မှာအမှန်ပင်။

''ကိုယ်ကျိုးစီးပွားအတွက်ပဲကြည့်ပြီးလက်ထပ်ရမယ့်အိမ်​ထောင်ရေးမရွေးချင်ဘူးဖွားဖွား ဒါတစ်ဘဝလုံးနဲ့ဆိုင်တဲ့ကိစ္စမဟုတ်လား''

''ဆမ်သတ္တကျော် မင်းအသက်လဲမင်းပြန်ကြည့် တို့တွေမစီစဥ်ပေးရင်မင်းဒီတစ်သက်အိမ်ထောင်ပြုမယ်မထင်ဘူး''

အဒေါ်ဖြစ်သူကပါ ဝင်ပြောလာသည့်အတွက်သက်ပြင်းတချက်ချလိုက်ပြီးနောက်တခြားတဖက်သို့မျက်နှာလွှဲလိုက်၍။

''ဒါကျွန်တော့်ဘဝပါ အန်တီနွယ် ကျွန်တော့်ဘဝကိုဒီလိုပဲကုန်ဆုံးသွားဖို့ပဲကျွန်တော်စဥ်းစားထားတာ ဖွားဖွားအသက်အရွယ်အရအနားယူသင့်တာကျွန်တော်သိတယ် ဒီလုပ်ငန်းတွေရောပင်မဆေးရုံကိုရောဦးစီးရမယ်ဆိုရင်တောင်ကျွန်တော်အိမ်ထောင်မပြုချင်သေးဘူးအမှန်တိုင်းပြောတာ''

''တသက်လုံးဒီအတိုင်းနေလို့ဖြစ်မလား နောက်၄နှစ်ကျော်ဆိုရင်ပဲဒုတိယဘဝစပြီ မိသားစုတစ်ခုထူထောင်သင့်ပြီဆမ်သတ္တကျော်''

''လက်ခံတယ်အန်တီနွယ် အသက်အရွယ်အရ အိမ်ထောင်ပြုဖို့ အရွယ်လွန်နေပြီ ကျွန်တော်သိတယ် ယောကျာ်းတစ်ယောက်ဟာမသေမချင်းအိမ်ထောင်ပြုရတယ်ဆိုတာအန်တီနွယ်သိမှာပါ Okay... ဒီနေရာကိုဆက်ခံဖို့မဖြစ်မနေ ကျွန်တော်အိမ်ထောင်ပြုရမယ်ဆိုရင်လည်း တခြားမိန်းကလေးဆိုကျွန်တော်စဥ်းစားကောင်းစဥ်းစားပေးနိုင်မယ်''

''ဒီမိန်းကလေးကရောဘာများဖြစ်နေလို့လဲကွယ်

''အရင်ကအကြောင်းအရာတွေကိုထည့်မတွေးပဲ လက်ရှိဘဝကိုလက်ခံစမ်းပါမြေးရယ်''

ဖွားဖွား ကညည်းညူသည့်အသံနှင့်ခေါင်းတခါခါပြောလာသည်။မျိုးရိုးကြီး အသိုင်းဝိုင်းကြီးသလို နာမည်ရပြီးသားပညာတတ်မိန်းကလေး ၊ ယောကျာ်းတစ်ယောက်အနေနှင့်လက်ထပ်ဖို့ရာငြင်းဆန်ဖို့ဘာပြစ်ချက်မှမရှိသည့်မိန်းကလေး ပေမယ့် သတ္တအတွက်ကဘယ်လိုမှအဆင်မပြေနေ။

Day (ဒေး)Kde žijí příběhy. Začni objevovat