Part 1(2/3)

1.7K 188 2
                                    

အခန်း ၁ သူငယ်ချင်းတွေက သစ္စာဖောက်တာလား?(၂/၃)

ချန်ယန်တစ်ယောက် တွယ်ကပ်နေတက်တဲ့ အေးစက်စက် တွားသွားသတ္တဝါလေးတစ်ကောင်ကပ်နေသလို စူးရှတဲ့ အကြည့်တွေကို ခံစားနေရတယ်။

သူနဲ့ ဆန့်ကျင်ဘက်မှာ ထိုင်နေတဲ့ လီယဲ့က ချန်ယန် ရုတ်တရက် မပျော်မရွှင် ဖြစ်နေတာကို မြင်လိုက်ပြီး ဘာဖြစ်နေတာလဲလို့ မေးလာတယ်။

ချန်ယန်က ခေါင်းခါပြီး ဘာမှမဖြစ်ဘူးလို့ ပြန်ပြောလိုက်တယ်။

ချန်ယန်က စားပွဲပေါ်မှ လက်ဖက်ရည်ခွက်ကိုယူပြီး လက်ဖက်ရည်သောက်ဖို့ အောက်ငုံလိုက်တယ်။ သူ့ဘေးမှာ ထိုင်နေတဲ့ လူနှစ်ယောက်ရဲ့ မျက်လုံးတွေထဲမှာ ထူးဆန်းတဲ့ အကြည့်တွေ ရှိနေတာကို သူ မသိလိုက်ဘူး။ လီယဲ့က ချန်ယန်ကို မေးပြီးတာနဲ့ ဘယ်ဘက်ကို ကြည့်လိုက်ပြီး အခန်းကန့်ထားတဲ့နေရာအကွယ်မှာ ထိုင်နေတဲ့ အမျိုးသားနဲ့ အကြည့်ချင်းဖလှယ်လိုက်တယ်။ ပြီးတော့ သူ့မျက်နှာမှာ ကောက်ကျစ်ပြီး ကြောက်စရာကောင်းတဲ့ အပြုံးတစ်ခု ရုတ်တရက် ပေါ်လာတယ်။

ထမင်းစားပြီးတဲ့နောက်မှာ၊ ချန်ယန်က ထိုအကြည့်ရဲ့ရှိနေခြင်းကို သထိထားရှာဖွေလိုက်ပေမယ့် တစ်ဖက်လူက သူ့ကို တိတ်တဆိတ် ကြည့်မနေတော့ပေ။

အစားအစာတွေစားနေတဲ့အချိန်မှာ ချန်ယန်က နည်းနည်း စိတ်မသက်မသာဖြစ်နေပေမဲ့ သူ့သူငယ်ချင်း နှစ်ယောက်ကတော့ ခံတွင်းတွေ့နေပုံရကာ တလျှောက်လုံး အားရပါးရ စားနေကြတယ်။ ညစာစားချိန်မှာ လူတော်တော်များများက ညဘက်မှာ ပျော်ကြဖို့ ဆွေးနွေးခဲ့ကြတယ်။ သူတို့ ခရီးထွက်လာတာက ပျော်ဖို့လေ အိပ်ဖို့မှ မဟုတ်တာ။

ညစာစားပြီးချိန်က စောနေသေးတာကြောင့် စုန့်ဖန်ချမ်က အရက်သောက်ဖို့ ဘားကိုသွားမယ်လို့ အကြံပြုလာတယ်။

သူတို့ဝယ်ခဲ့တာက အပျော်စီးခရီးသက်သက်ဖြစ်ပြီး အပျော်စီးသင်္ဘောပေါ်တက်တဲ့အခါ အခြေခံအားဖြင့် သူတို့ရဲ့ကိုယ်ပိုင်အချိန်တွေကို သူတို့ဘာသာ သူတို့ စီစဉ်လို့ရတယ်။

စားသောက်ဆိုင်ကနေ ထွက်လာပြီးတာနဲ့ သုံးယောက်သား အပေါ်ထပ်က ဘားဆီကို လှည့်ကြည့်လိုက်တယ်။ ဘားတွေက အများကြီးဘဲ။ ချန်ယန်က အရက်သောက်ဖို့ စိတ်မဝင်စားဘူး။ သူက လက်ရန်းကို မှီပြီး ပင်လယ်လေရဲ့ထူးခြားတဲ့ အရသာနဲ့ အေးချမ်းမှုကို ခံစားချင်တာ။

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာWhere stories live. Discover now