Part- 2

1.6K 182 1
                                    

အခန်း ၂ အဲ့ဒါဆို ကိုယ် ကူညီပေး

ချန်ယန်ရဲ့ တစ်ကိုယ်လုံးက ပျော့ခွေနေပြီး သူ့ခန္ဓာကိုယ်အပြင်ဘက်က အအေးဓာတ်နဲ့ သူ့ခန္ဓာကိုယ်အတွင်းက အပူက အချင်းချင်း အပြင်းအထန် ဆန့်ကျင်နေကြသည်။ အဲ့တာကြောင့် ချန်ယန်ရဲ့ ပိုပြီးသိမ်မွေ့တဲ့ ခန္ဓာကိုယ် အတွင်းပိုင်းထဲအထိ လှုံ့ဆော်ပေးနေတယ်။

သူ့ခန္ဓာကိုယ်မှာ ခွန်အားတွေ သိပ်မကျန်တော့ဘူး။ သူ့ခန္ဓာကိုယ်ပေါ်က အဝတ်တွေက ရေအေးတွေနဲ့ စိမ်ခံထားရပြီး သူ့အရေပြားကလည်း စိုရွှဲနေတာကြောင့် ချန်ယန်က အရမ်းကို စိတ်မသက်မသာ ဖြစ်နေတယ်။ သူက အဝတ်အစားတွေကို ဆုတ်ဖြဲဖို့ အတတ်နိုင်ဆုံး ကြိုးစားနေပေမယ့် သူ့ရဲ့ နူးညံ့တဲ့ လက်ချောင်းလေးတွေက ဆိုးဆိုးရွားရွား တုန်ခါနေကြတယ်။

အခု အခိုက်အတန့်မှာတော့ ချန်ယန်တစ်ယောက် ဘာကိုမျှ မတွေးနိုင်တော့ဘဲ ဒီညှဉ်းပန်းနှိပ်စက်ခံနေရတဲ့ အခြေအနေကနေ အမြန်ဆုံး လွတ်မြောက်ချင်နေတယ်။

သူ့လက်ချောင်းတွေက ရေချိုးကန်ရဲ့အစွန်းကို ဖိထားပြီး စိုစွတ်နေတဲ့ သူ့ခန္ဓာကိုယ်ကို ရေထဲက ဆွဲထုတ်ဖို့ ကြိုးစားလိုက်တယ်။

သူ မတ်တပ်ထရပ်လိုက်တာနဲ့ ရေချိုးကန်အစွန်းကနေ ရေတွေ စီးကျလာတယ်။

ချက်ချင်းပဲ ကြမ်းပြင်ကို ရေတွေ ဖုံးလွှမ်းနေပြီး ချန်ယန်ရဲ့ အရေပြားတစ်ခုလုံးကလည်း တပ်မက်စိတ်တွေရဲ့ ပူလောင်မူကြောင့် ကြက်သွေးရောင် တောက်နေကာ ဆွဲဆောင်နိုင်လွန်းနေတော့တယ်။

ချန်ယန်က အသက်ပြင်းပြင်းရှူရင်း ရေချိုးကန်ထဲက ဆင်းလာကာ ရေချိုးခန်းအပြင်ဘက်မှာ တစ်ယောက်ယောက်ရှိနေတာကို သူ သိနေတယ်။ အဲဒီလူရဲ့နာမည်ကို သူ မသိပေမယ့် သူ့ကို ရေချိုးကန်ထဲ မထည့်ခင်မှာ အဲဒီလူပြောခဲ့တဲ့စကားတွေကို သူ့နားထဲမှာ ပြန်သတိရသွားတယ်။

အဲ့ယောက်ျားက အပြင်မှာနေပြီး တစ်ခုခုဖြစ်ရင် သူ့ကို ခေါ်လို့ရတယ်တဲ့။

ဒီနေရာက လုံခြုံပြီး သူ့ကို ဘယ်သူမှ ထိခိုက်မှာ မဟုတ်ဘူးလို့လည်း ပြော‌သေးတယ်။

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာWhere stories live. Discover now