Part 24.1

1.1K 150 6
                                    

အခန်း ၂၄ (အပိုင်း ၁)

"ဘယ်တော့လဲ" ချန်ယန်က မင်္ဂလာဆောင်မယ့်အချိန်ကို မေးလိုက်တယ်။

"နောက်လရဲ့ ဆယ်နှစ်ရက်နေ့"

ရှဲ့ရန်ရဲ့အမူအရာနဲ့ လေသံက ငြိမ်သက်နေတယ်။ ချန်ယန်ကတော့ သူ့လက်ကို ကိုင်ထားပြီး တစ်ခုခုကိုတွေးတောနေပုံရတယ်။ ပြီးတော့ သူက မေးလိုက်တယ် "ဒါဆို ခင်ဗျား သွားဖို့ ဆုံးဖြတ်ထားလား"

ချန်ယန်က ရှဲ့ရန်ရဲ့မိသားစုအခြေအနေအကြောင်း များများစားစား မသိပါဘူး။ ရှဲ့ရန်ရဲ့မိခင်က စောစောစီးစီး သေဆုံးသွားတာကို သူ သိထားပြီး ရှဲ့ရန်နဲ့သူ့ဖခင်တို့ကလည်း အထူးသဟဇာတရှိတဲ့ ဆက်ဆံရေးမျိုး မဟုတ်ပါဘူး။

ချန်ယန်ကိုယ်တိုင်ကလည်း သူ့မိဘတွေနဲ့ သိပ်မရင်းနှီးပါဘူး။ ဘာပဲဖြစ်ဖြစ် သူတို့က တခြားမိသားစုတွေလောက် နွေးထွေးပြီး သဟဇာတဖြစ်တဲ့ မိသားစုမျိုး မဟုတ်ပါဘူး။

အဲ့တာကြောင့် အခြားသူ့ရဲ့ဖိနပ်ထဲကို မိမိကိုယ်တိုင် ဝင်တဲ့ အလုပ်မျိုးကို ချန်ယန်က လုပ်မှာ မဟုတ်ပါဘူး။ ဥပမာအားဖြင့် ရှဲ့ရန်နဲ့သူ့အဖေကြားက ဆက်ဆံရေး ပိုမိုကောင်းမွန်လာစေဖို့ အခိုင်အမာ တိုက်တွန်းတမျိုးပေါ့။

ပြီးတော့ အရမ်းအရေးကြီးတဲ့အချက်က ရှဲ့ရန်ရဲ့ဖခင်က ရှဲ့ရန်က သူနဲ့ အတူရှိနေကြောင်းနဲ့ သူမှာ ရှဲ့ရန်ရဲ့ကလေးလေး ကိုယ်ဝန်ရှိနေကြောင်းကို မသိနိုင်လောက်သေးဘူး။

"ကိုယ် သဘောတူပြီးပြီ" ရှဲ့ရန်ရဲ့မျက်လုံးတွေက ရိုးသားမှုတွေနဲ့ ပြည့်နေပြီး သူက ချက်ချင်း ထပ်ပြောလာပြန်တယ်။ "ဒါပေမယ့် မင်း ကိုယ်နဲ့ လိုက်နိုင်မယ်လို့ ကိုယ် မျှော်လင့်တယ်"

ချန်ယန်ရဲ့ညာလက်ကို ထိုလူက ညင်သာစွာ ဆုပ်ကိုင်ထားပြီး ချန်ယန်က ခဏတာတော့ အံ့အားသင့်သွားဟန်ရှိတယ်။

သူ့အသံကို ပြန်ရှာဖို့တောင် အချိန်အတော်ကြာခဲ့တယ် "ခင်ဗျားအဖေက နောက်အိမ်ထောင်ပြုတာလေ... ကျွန်တော့်ကို အဲဒီကို ခေါ်သွားရရင် သိပ်ကောင်းမှာ မဟုတ်ဘူး"

တကယ်တော့ ရှဲ့ရန်ရဲ့အဖေက ချန်ယန်ကို မကြိုက်ဘဲ သူတို့ရဲ့ အရေးကြီးတဲ့နေ့မှာ မပျော်မရွှင်ဖြစ်အောင် လုပ်ခဲ့မိမယ်ဆိုရင် ချန်ယန်က ​​အပြစ်ရှိသလို ခံစားရမှာပါ။ ချန်ယန်က ဒီကိစ္စကို စိတ်ပူနေမယ်ဆိုတာ ရှဲ့ရန်က သိနေတယ်။ ဒါပေမယ့် ဘယ်လိုမှ ပြင်ဆင်လို့ မရတော့ဘူး။

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာWhere stories live. Discover now