Part 28.2

971 166 4
                                    

အခန်း ၂၈ (အပိုင်း ၂)

အဲဒီနောက် တစ်ပတ်လောက်ကြာတဲ့အထိ နေ့ရက်တွေက သာယာနေပြီး ဘာမှ ထူးထူးခြားခြား မရှိပါဘူး။ ချန်ယန်ရဲ့အမေက ချန်ယန်ကို ဖုန်းဆက်ပြီး ဘယ်နေ့ပြန်လာမှာလဲလို့ မေးလာတယ်။ ချန်ယန်က လပြက္ခဒိန်ရဲ့ ၂၇ ရက်နေ့မှာ သူ ပြန်လာမယ်လို့ ပြန်ဖြေလိုက်တယ်။ သူ့အမေက စကားခနပြောပြီး အေးအေးဆေးဆေးနဲ့ ဖုန်းပြန်ချသွားတယ်။ သူ့အမေရဲ့လေသံအရ ချန်ယန်က နှစ်သစ်ကူးအကြိုနေ့မှာ သူ ပြန်သွားရင်လည်း ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ တွေးနေမိတယ်။

သူ့မိသားစုနဲ့ နှိုင်းယှဉ်လိုက်ရင် ရှဲ့ရန်ရဲ့မိသားစုက အရမ်းစိတ်အားထက်သန်နေပုံရတာကြောင့် ချန်ယန်က အနည်းငယ် တုန်လှုပ်နေခဲ့တယ်။

ရက်အနည်းငယ် အကြာမှာတော့ကား ကားတစ်စီးက သူ့တို့နေတဲ့နေရာကို ရောက်လာပြီး ပို့ဆောင်ရေးသမားတွေက ကားထဲက ပစ္စည်းသေတ္တာတွေကို ဧည့်ခန်းဆီသို့ သယ်ဆောင်လာကြတယ်။

အဲ့အချိန်မှာ ရှဲ့ရန်က အိမ်မှာ ရှိမနေဘူး။ ချန်ယန်က လာပို့ပေးတဲ့ သေတ္တာကြီးငယ်တွေကို ကြည့်နေပေမယ့် ဘာပစ္စည်းတွေလဲဆိုတာကို မခန့်မှန်းနိုင်ခဲ့ဘူး။

ချန်ယန်က ရှဲ့ရန်ကို သူ့အဖေဆီ ဖုန်းဆက်ခိုင်းပြီး သူ့ကို ထပ်ပို့စရာ မလိုတော့ဘူးလို့ ပြောခိုင်းလိုက်တယ်။ ရှဲ့ရန်က ချန်ယန်ကို ဖုန်းပေးလိုက်ပြီး ချန်ယန်ကို သူ့ယောက္ခမနဲ့ တိုက်ရိုက် စကားပြောဖို့ အချက်ပြလိုက်တယ်။

ချန်ယန်က အဖေရှဲ့ကို ဖုန်းခေါ်ဖို့ သတ္တိတွေ စုဆောင်းနေခဲ့တယ်။ ဖုန်းနံပါတ်ကို မြင်လိုက်တဲ့အချိန်မှာ အဖေရှဲ့က ရှဲ့ရန်လို့ ထင်လိုက်ပြီး အေးစက်တဲ့ အသံနဲ့ ပြန်မေးလိုက်တယ်။

"ဦးလေး၊ ကျွန်တော်ပဲ" ချန်ယန်ရဲ့အမူအရာက အရမ်းကြောက်ရွံ့ထိတ်လန့်နေပုံရပြီး သူ့အတွက် ဒါက သူ့ရဲ့အနာဂတ်ယောက္ခမနဲ့ ပထမဆုံးအကြိမ်စကားပြောရတာ ဖြစ်နေတာကြောင့် အလွန်စိတ်မသက်မသာဖြစ်နေတယ်။

ရှဲ့အဖေက သူ့ကို ချန်ယန်ခေါ်တာမှန်း သိလိုက်တာနဲ့ သူ့အမူအရာက လုံးဝ ပြောင်းသွားတယ်။ သူ့အသံကလည်း အေးစက်မနေတော့ဘဲ အရမ်းကို ချစ်ခင်နှစ်သက်ပုံပေါ်နေတယ်။

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာWhere stories live. Discover now