Part 34.2

921 178 5
                                    

အခန်း ၃၄ အပိုင်း(၂)

"မီးမဖွင့်နဲ့"

ရှဲ့ရန်နောက်မှာ အရိပ်လေးတစ်ခု ရှိနေပြီး သူ့ကို လှမ်းကြည့်နေတယ်​။ သူ့အနားကို ကပ်လာတာက ချန်ယန်ဖြစ်နေတာ​ကို မြင်​လိုက်​ရတာကြောင့် ရှဲ့ရန်က သံသယစိတ်နဲ့​ မျက်​ခုံးပင့်လိုက်တယ်​။

ချန်ယန်က ရှဲ့ရန်ကို အိမ်ထဲဆွဲသွင်းပြီး တံခါး ပိတ်လိုက်တယ်။ ချန်ယန်က ရှဲ့ရန်ရဲ့ဖိနပ်တွေကို ဖိနပ်ပုံးထဲကနေ ထုတ်ယူလိုက်ပြီး ရှဲ့ရန်ကို ဖိနပ်လဲပေးဖို့ အောက်ငုံ့လိုက်တယ်။

"အ‌ဒေါ်ကြီးကို ရက်အနည်းငယ်လောက် အနားယူခွင့်ပေးလိုက်တယ်၊ ညစာကို ကျွန်တော် ပြင်ဆင်ထားတယ်" ချန်ယန်က အပြုံးသေးသေးလေးနဲ့ ပြောပြလိုက်တယ်။

"မင်း ထမင်းချက်ထားတာလား" ရှဲ့ရန်က အံ့သြသွားပုံရတယ်။ ပြီးတော့မှ သူက ထမင်းစား စားပွဲမှာ ထူးခြားတဲ့ တစ်ခုခု ရှိနေတာကို သတိပြုမိသွားပြီး ဝင်ပေါက်ကနေ အခန်းထဲကို လှည့်ကြည့်လိုက်ပြီး အနီရောင်တောက်တောက် မီးရောင်တွေ အများအပြား ထွက်နေတာကို တွေ့လိုက်ရတယ်။

"ခင်ဗျား လက် အရင်သွားဆေးလေ" ချန်ယန်က ရှဲ့ရန်ကို ရေချိုးခန်းထဲ တွန်းပို့လိုက်တယ်။

ရှဲ့ရန်က လက်ဆေးဖို့ ရေချိုးခန်းထဲ ဝင်ရမှာကြောင့် မီးခဏဖွင့်ပေးလိုက်ပြီး သူ ပြန်ထွက်လာတော့ အလင်းရောင်က ပြန်ပိတ်သွားပြီး အမှောင်ထဲကို ရောက်သွားပြန်တယ်။

ချန်ယန်က အဲ့နေရာမှာပဲ ရပ်နေပြီး ရှဲ့ရန်ကို စောင့်ဆိုင်းနေခဲ့တယ်။ သူက ကုလားထိုင်ကို ဆွဲထုတ်ပြီး ရှဲ့ရန်ကို ထိုင်ခိုင်းလိုက်တယ်။ ပြီးတော့မှ သူက ရှဲ့ရန်ရဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်တယ်။

စားပွဲပေါ်မှာ ပန်းတွေ၊ ဖယောင်းတိုင်တွေ၊ အသားကင်ပန်းကန် အပါအဝင် ဝိုင်နီခွက်တွေတောင် ရှိနေခဲ့တယ်။

ချန်ယန်က ဝိုင်ခွက်ကို လှမ်းယူလိုက်ပြီး ရှဲ့ရန်ဆီ လှမ်းပေးလိုက်တယ်။ ဖယောင်းတိုင်မီးက သူ့မျက်နှာကို ရောင်ပြန်ဟပ်နေပြီး အလင်းရောင်က ရေလှိုင်းလေးတွေလို ပျံ့လွင့်နေတာကြောင့် ချန်ယန့်နှုတ်ခမ်းပေါ်က အပြုံးက ချစ်စရာကောင်းပြီးရင်း ချစ်စရာကောင်းနေတော့တယ်။

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာWhere stories live. Discover now