Part 8 (1/2)

1.2K 179 0
                                    

အခန်း ၈ အနမ်းသူခိုးလေး ဖမ်းမိသွားတယ် (အပိုင်း ၁/၂)

ခဏအကြာမှာတော့ ချန်ယန်က သူ့ဘေးနားက လူရဲ့ တည်ငြိမ်တဲ့ အသက်ရှုသံကို ကြားလိုက်ရတယ်။ ချန်ယန်က ထိုလူ အိပ်ပျော်သွားပြီဟု မှန်းဆကာ ညာဖက်ကို တိတ်တဆိတ် စောင်းလိုက်ပြီး ပြတင်းပေါက်အပြင်ဘက်က လရောင်ကို အားကိုးပြီး တစ်ဖက်လူရဲ့ ခန့်ညားလွန်းတဲ့ ကောက်ကြောင်းတွေကို တစ်လက်မချင်းစီ ခြေရာခံနေလိုက်တယ်။

အားးးးး!!!! သူ အရမ်းချောတာပဲ!

ချန်ယန်က စိတ်ရင်းမှန်နဲ့ သက်ပြင်းချလိုက်တယ်။ အခု ချောမောပြီး စတိုင်ကျတဲ့ အမျိုးသားက သူနဲ့အတူ ကုတင်တစ်လုံးတည်းမှာ လဲလျောင်းနေတယ်။

တူညီတဲ့နေရာ၊ တူညီတဲ့မြင်ကွင်း၊ တူညီတဲ့အိပ်ရာခင်း၊ ချန်ယန်က လွန်ခဲ့တဲ့ ရက်အနည်းငယ်က ညတစ်ညမှာ သူ ဒီလူနဲ့ အတူရှိနေခဲ့တာကို ချက်ချင်း သတိရလာမိတယ်။

ချန်ယန်က တစ်နေ့မှာ သူ ဒီလို အရည်အသွေးမြင့်တဲ့ အမျိုးသားတစ်ယောက်နဲ့ အိပ်နိုင်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး။

ထိုယောက်ျားရဲ့ အလှနဲ့ စွဲဆောင်ခံလိုက်ရတဲ့ ချန်ယန်က သူ အဲ့လူကို တိတ်တဆိတ် နမ်းလိုက်ရင် သူ သိလောက်မှာ မဟုတ်ဘူးလို့ တွေးပြီး သူ့နှုတ်ခမ်းတွေကို ပွတ်သပ်လိုက်တယ်။

ဒါပေမယ့်.. အဲ့လိုမတွေးသင့်ပါဘူးလေ....

ချန်ယန်က သူ့အတွေးထဲက တပ်မက်မှုနဲ့ ဆာလောင်မှုကို ချေမှုန်းလိုက်ပြီး သူ့ကိုယ်သူ ချက်ချင်း ကာကွယ်လိုက်တယ်။ သူက သာမာန်လူတစ်ယောက်တိုတော့ ဒါက သာမာန်ဆန္ဒလေးပါပဲ။

ပြီးတော့ ဒါက ခိုးနမ်းရုံလေးပါပဲ။

ချန်ယန်က သူ့ခန္ဓာကိုယ်ကို ရှေ့သို့ ဂရုတစိုက် ရွှေ့ကာ အိပ်ပျော်နေတာကြောင့် အေးစက်မှုတွေ ပျောက်ကွယ်နေတဲ့ ရှဲ့ရန်ရဲ့ ငြိမ်းငြိမ်းငြိမ်းချမ်း အိပ်စက်နေတဲ့ မျက်နှာဆီကို ငုံချလိုက်တယ်။

သူက အဲ့လူရဲ့နှုတ်ခမ်းကို နမ်းခါနီးမှာ ရုတ်တရက် တစ်စုံတစ်ခု ဖြစ်ပေါ်လာပြီး ချန်ယန်ရဲ့ ခန္ဓာကိုယ်က ပြင်းထန်စွာ တွန်းထုတ်ခံလိုက်ရတယ်။

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာWhere stories live. Discover now