Part 39.2

594 125 2
                                    

အခန်း ၃၉ (အပိုင်း ၂)

"ဟုန်ကျန့် မင်းသူငယ်ချင်းရဲ့နာမည်က ဘယ်လိုခေါ်လဲ?" အဘိုးကြီးက ဟုန်ကျန့်နဲ့ ဇီဒန်း ဘာတွေ ပြောနေမှန်း မသိပေမယ့် နှစ်ယောက်သား စကားပြောနေတာကို ကြည့်နေပြီး သူ တွေးနေတာ မှန်တယ်လို့ သူ့ဘာသာသူ သတ်မှတ်လိုက်တယ်။

ဟုန်ကျန့်က မူလက ဇီဒန်းလို့ ပြောမလို့ ပြင်လိုက်ပေမယ့် နောက်ပိုင်းမှာ ဇီဒန်းဆိုတာက တစ်ဘက်လူရဲ့ အမည်ရင်း မဟုတ်နိုင်တာကို သူ သဘောပေါက်သွားပုံရတယ်။

ဇီဒန်းက ဟုန်ကျန့်ကို ကြည့်နေကာ ခဏလောက် တန့်နေပြီးမှ သူကပဲ အစပြု နူတ်ဆက်လိုက်တယ်။ "ကျွန်တော်က တန်ဟုန်ပါ ဦးလေး"

"ရှောင်ဟုန်? အဲ့တာက ငါတို့ကောင်လေးနဲ့ အသံထွက်အတူတူပဲ"

သူတို့နဲ့ စကားပြောနေတဲ့အချိန်မှာ ဇီဒန်းရဲ့လေသံနဲ့ အပြုအမူက နှိမ့်ချမှု မရှိသလို တမင် မောက်မာနေတာမျိုးလည်း မဟုတ်ကြောင်း အဖေဟုန်က သတိပြုမိခဲ့တယ်။ ဒီကောင်လေးက သူ့ပတ်ဝန်းကျင်မှာ လူသိများပြီး တက်တက်ကြွကြွနဲ့ ဩဇာရှိပုံရတယ်။ အဖေဟုန်က ဇီဒန်းကို ကြည့်လေ ပိုနှစ်သက်လေပဲ။

အဖေဟုန်က တစ်ဖက်ကို ပြန်လှည့်ပြီး သားဖြစ်သူကို ကြည့်လိုက်ပြန်တယ်။ သူ့သားက တစ်ကိုယ်တည်းဖြစ်တော့မယ်လို့ သူတွေးထားခဲ့ပေမယ့် အခုတော့ မထင်မှတ်ဘဲ စိတ်သက်သာရာရသွားတယ်။ အကြာကြီး စိတ်ပူနေရတဲ့ ဒီအဘိုးအိုအတွက်တော့ အဲ့တာက ထိုက်တန်လွန်းတယ်။

"မင်းက ချန်ယန်ရဲ့သူငယ်ချင်းလား? မင်း အသက်ဘယ်လောက်ရှိပြီလဲ" အဖိုးကြီးက စိတ်လှုပ်ရှားနေပြီး ဇီဒန်းရဲ့အိမ်ထောင်စုစာရင်းကို စတင်စုံစမ်းနေတယ်။

ဟုန်ကျန့်က သူ့အဖေကို သတိပေးတဲ့ အရိပ်အမြွက်တွေနဲ့ စိုက်ကြည့်နေတယ်။

အဖိုးကြီးက သူ့ကို လျစ်လျူရှုပြီး ဇီဒန်း-တန်ဟုန်ရဲ့ အဖြေကို ကြင်နာတက်တဲ့ အပြုံးကြီးနဲ့ စောင့်ဆိုင်းနေတယ်။

တန်ဟုန်က တစ်စုံတစ်ခု မှားယွင်းနေတယ်ဆိုတာကို သတိပြုမိသွားပြီး တစ်ဖက်လူက စိတ်အားထက်သန်လွန်းတယ်လို့ ခံစားမိပေမယ့် သူက အလားတူ အခြေအနေမျိုးကို တစ်ခါမှ မကြုံဖူးတာကြောင့် ဖြစ်ပျက်နေတဲ့အရာကို ချက်ချင်း မခန့်မှန်းနိုင်ခဲ့ဘူး။

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာWhere stories live. Discover now