Part 31.1

1K 169 6
                                    

အခန်း ၃၁ (အပိုင်း ၁)

အလုပ်သရဲ ရှဲ့ရန်က အလုပ်လုပ်ဖို့ အပြင်ထွက်ရင် ချန်ယန်တစ်ယောက်တည်း အိမ်မှာနေခဲ့ရမှာကို တွေးပြီး လူကြီးနှစ်ယောက်က ရောက်လာကြပေမယ့် ရာသီဥတုသာယာတာကြောင့် ချန်ယန်က လမ်းလျှောက်ထွက်ဖို့ စီစဉ်ထားခဲ့တယ်။

သူတို့မှာ တိုက်ဆိုင်တဲ့ စိတ်ကူးတွေ ရှိနေခဲ့တယ်။ ချန်ယန်တို့ အပြင်ကို လမ်းလျောက်ထွက်မှာကို ကြားတဲ့အခါ ရှဲ့အဖေရဲ့အမူအရာက အနည်းငယ် တိုးတက်လာခဲ့တယ်။

ယွင်ယွင်က ကိုယ်ဝန်ဆောင်တွေအတွက် ဖြည့်စွက်စာတွေကို လက်ဆောင်အနေနဲ့ ယူဆောင်လာခဲ့ပြီး သူတို့ဇနီးမောင်နှံက ယခင်က ဒီအိမ်ကို ရောက်ဖူးနေတာကြောင့် သူမက ချန်ယန်ကို ဘာမှ မလုပ်စေဘဲ ကော်ဖီစားပွဲဆီကို လျှောက်သွားလိုက်တယ်။ သူမက ချန်ယန်ရဲ့ရေခွက် ဗလာဖြစ်နေတာကို သတိပြုမိလိုက်ပြီး ခွက်ကို လှမ်းယူလိုက်တယ်၊ ပြီးတော့ သူမက ချန်ယန်အတွက် နောက်ထပ်ရေတစ်ခွက် သွားယူလိုက်တယ်။

ချန်ယန်အတွက် လူကြီးနှစ်ဦး ပြသနေတဲ့ အထိန်းအကွပ်မရှိတဲ့ ပြုစုစောင့်ရှောက်မှုက ချန်ယန်ကို အလွန်စိတ်လှုပ်ရှားစေခဲ့တယ်။

သူက လူကြီးကပေးတဲ့ ရေကို လက်နှစ်ဘက်နဲ့ ရိုရိုသေသေ ယူလိုက်ပြီး နူးညံ့သိမ်မွေ့ကာ လိမ္မာရေးခြားရှိတဲ့ ပုံစံလေးနဲ့ "ကျေးဇူးတင်ပါတယ် အမေ!"

ယွင်ယွင်က ချန်ယန်ရဲ့ဖြူဖွေးပျော့ပျောင်းတဲ့ မျက်နှာလေးကို ကြည့်လိုက်ပြီး ခေါင်းပြန်ညိတ်ပြပြီးမှ ချန်ယန်ရဲ့အခြားတစ်ဖက်မှာ ဝင်ထိုင်လိုက်တယ်။ လင်မယားနှစ်ယောက်က ချန်ယန်ရဲ့ ဘယ်ညာတစ်ဘက်ဆီမှာ ထိုင်နေကြတယ်။

"မင်းအဖေနဲ့ ငါက မင်းတို့ကို ငါတို့နဲ့ အပြင်အတူထွက်ဖို့ စီစဉ်ထားခဲ့တာ၊ အခုတော့ အဆင်သင့်ဖြစ်သွားတယ်"

ယွင်ယွင်က ကြင်နာစွာ ပြုံးနေပြီး သူမရဲ့ မျက်လုံးထောင့်စွန်းလေးတွေမှာ ကျီးခြေထောက်လေးတွေ မြင်နေရပေမယ့် အဲ့ဒိအရေးအကြောင်းလေးတွေက သူမရဲ့ အလှကို မထိခိုက်စေဘဲ အဲ့တာလေးတွေကြောင့် လူတွေရဲ့နှလုံးသားကို ပိုပြီး နွေးထွေးစေတယ်။

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာDove le storie prendono vita. Scoprilo ora