Part 27.1

985 165 3
                                    

အခန်း ၂၇ (အပိုင်း ၁)

မူလအစီအစဉ်က နောက်တစ်နေ့မနက်မှာ လေယာဉ်စီးပြီး ပြန်မှာဖြစ်ပေမယ့် ရှဲ့ရန်က ရုတ်တရက် ရောက်ရှိလာတာကြောင့် ချန်ယန်က ပလက်ဖောင်းက ကြိုတင်ဘွတ်ကင်လုပ်ပေးထားတဲ့လက်မှတ်ကို ပယ်ဖျက်လိုက်ပြီး နောက်တစ်နေ့ကို ပြောင်းလဲခဲ့တယ်။

အခြားထုတ်လွင့်သူတွေကလည်း ပလက်ဖောင်းနဲ့ ပြောဆိုဆွေးနွေးနေကြတာကြောင့် အချိန်ကြန့်ကြာနေတာမျိုးတွေ ရှိနေကြတယ်။ အချို့ကျတော့ တစ်ဦးနဲ့တစ်ဦး ရင်းနှီးကျွမ်းဝင်ချင်လို့ ရောက်လာကြတာဖြစ်မျိုး ဒါမှမဟုတ် သူတို့က ဆုပေးပွဲအခမ်းအနားမှာ ခေတ္တလောက်ပဲပါဝင်ခဲ့ကြပြီး ခရီးသွားတွေအတွက် ဆွဲဆောင်မှုတွေ အများကြီးရှိတဲ့ ဒီမြို့ကြီးမှာ လည်ပတ်ဖို့ ချိန်းဆိုခဲ့ကြတယ်။

ချန်ယန်က ရှဲ့ရန်နဲ့အတူ ပင်လယ်ကမ်းစပ်က ဟိုတယ်တစ်ခုကို သွားခဲ့တယ်။ ရှဲ့ရန်က ချန်ယန်နဲ့ တွေ့ဖို့ သူ့ရဲ့ခရီးစဉ်ကို ခေတ္တပြောင်းခဲ့တယ်လို့ ပြောပြခဲ့တယ်။ ဒါပေမယ့်လည်း သူကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းရမယ့် အရာတွေ အများကြီးရှိနေသေးတယ်၊ နောက်ဆုံးတော့ သူက ရှဲ့Groupတစ်ခုလုံးရဲ့CEO ဖြစ်နေတယ်လေ။

သူတို့ နှစ်ယောက် မနက်စာ စားလိုက်ကြတယ်။ ရှဲ့ရန်က အရင်က ဒီပင်လယ်ကမ်းစပ် ဟိုတယ်ကို ရောက်ဖူးပြီး ပတ်ဝန်းကျင်နဲ့ ရင်းနှီးကျွမ်းဝင်နေတယ်။ အဲ့တာကြောင့် သူက ဖက်စပ်လုပ်ငန်းက လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆွေးနွေးဖို့ မထွက်ခွာခင် သူက အနီးနားမှာရှိတဲ့ ပိုပြီး လှပတဲ့ ရှုခင်းတွေရှိတဲ့နေရာကို ချန်ယန် လမ်းလျှောက်နိုင်ဖို့ ပြောပြပေးခဲ့တယ်။

သူက သူ့ရဲ့လက်ထောက်ကျိုးဟွေ့ကို ချန်ယန်နောက်ကို လိုက်စေခဲ့တယ်။ ခုချိန်မှာ ချန်ယန်က ကိုယ်ဝန်ရှိနေတာကြောင့် အမှားအယွင်းတွေ မဖြစ်မခံနိုင်ပါဘူး။

ချန်ယန်က ခေါင်းညိတ်ပြပြီး လမ်းဆုံတစ်ခုအရောက်မှာ ရှဲ့ရန်နဲ့ လမ်းခွဲလာပြီးနောက် သူက မလှမ်းမကမ်းက ကျောက်တုံးခင်းလမ်းလေးဆီကို လျှောက်သွားလိုက်တယ်။ ချန်ယန်က သူထွက်လာတဲ့အချိန်တုန်းက သူ့အိတ်ကပ်ထဲကို သစ်သီးသကြားလုံးနှစ်လုံးထည့်လာခဲ့တယ်။ အခုတော့ ချန်ယန်က သကြားလုံးတွေကို ထုတ်ပြီး ကျိုး‌ဟွေ့ကို တစ်လုံးပေးလိုက်တယ်။

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာWhere stories live. Discover now