Part 31.2

1K 178 11
                                    

အခန်း ၃၁ (အပိုင်း ၂)

ဒီနေ့က ဇွန်လ ၁ ရက်နေ့ဖြစ်ပြီး ဗုဒ္ဓဟူးနေ့ဆိုလည်း ဟုတ်တယ်။ ချန်ယန်က ပုံပြင်စာအုပ်ဖတ်ရတာ နည်းနည်းပင်ပန်းလာလို့ အနားယူဖို့ လှဲအိပ်လို့ရတဲ့ခုံပေါ်ကို တက်သွားပြီး မှီထိုင်နေလိုက်တယ်။ အဲ့အချိန်မှာ သူ့ဗိုက်ထဲက ကလေးလေးက လှုပ်ရှားနေပြန်တယ်။ အစပိုင်းမှာတော့ ချန်ယန်က ပုံမှန်အတိုင်းပဲလို့ တွေးခဲ့ပြီး ကလေးက ခဏရွေ့ပြီးရင် ငြိမ်သက်သွားမယ်လို့ ထင်ထားခဲ့တယ်။ ဒါပေမယ့် ကလေးက ပိုပိုပြီး လှုပ်လာပြီး အဲ့တာက ပိုပို ဆိုးလာတယ်။ ချန်ယန်က ကလေးက အခု ထွက်ကျလာတော့မယ်ဆိုတဲ့ ခံစားချက်ကိုတောင် ခံစားနေရတယ်။

ချန်ယန်က သူ့ရဲ့ဘတ်စကက်ဘောအရွယ်အစားရှိတဲ့ ဗိုက်ကို လက်တစ်ဖက်နဲ့ ကိုင်ထားရင်း အလျင်အမြန် ထရပ်လိုက်တယ်။ သူက အလျင်လိုနေပြီး သူ့ဖုန်းက သူ့ဘေးမှာ ရှိနေတာကို မေ့သွားခဲ့တယ်။ တကယ်ဆိုရင် သူက အထဲမှာရှိနေတဲ့ ရှဲ့ရန်ကို လှမ်းခေါ်ဖို့ သူ့ဖုန်းကို သုံးနိုင်တယ်။

ဒါပေမယ့် အဲဒီအချိန်မှာ သူ ဒါကို လုံးဝ မေ့သွားခဲ့တယ်။ ချန်ယန်ရဲ့ မျက်နှာက ထိတ်လန့်တုန်လှုပ်နေပုံရပြီး သူကနံရံကို ကိုင်ပြီး အိမ်ထဲကို လျှောက်သွားလိုက်တယ်။

ရှဲ့ရန်က ဧည့်ခန်းထဲမှာ ထိုင်နေပြီး သူ့အလုပ်အတွက် အာရုံစိုက်နေပေမယ့် ချန်ယန်ရဲ့အသံကို ရုတ်တရက် ကြားလိုက်ရတယ်။

"ရှဲ့ရန်၊ ကလေး..." ချန်ယန်က အရမ်းစိတ်လှုပ်ရှားနေပြီး စကားတစ်ခွန်းတောင် ဆုံးအောင် မပြောနိုင်တော့ဘူး။

ရှဲ့ရန်က ရုတ်တရက် ခေါင်းကို မော့ကြည့်လိုက်ပြီး ချန်ယန်ရဲ့ထူးဆန်းတဲ့ အသွင်အပြင်ကို တွေ့လိုက်ရတယ်။ ပထမတော့ သူလည်း ထိတ်လန့်သွားပြီး နောက်တော့ ဖြစ်ပျက်နေတာတွေကို ချက်ချင်း သဘောပေါက်သွားတော့တယ်။

"ကလေး ထွက်လာတော့မယ်" ချန်ယန်မျက်နှာက စိတ်လှုပ်ရှားမှုတွေနဲ့ပြည့်နေပြီး စိုးရိမ်သောကဖြစ်နေတဲ့ အရိပ်အယောင်တွေတောင် ရှိနေတယ်။

"အင်း၊ အခုချက်ချင်း ဆေးရုံ သွားကြမယ်" ရှဲ့ရန်က အရမ်းပျော်နေပြီး ဒီပျော်ရွှင်မှုကြောင့် သူ့မျက်လုံးတွေ ချက်ချင်းနီလာတယ်။

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာOpowieści tętniące życiem. Odkryj je teraz