Part 37.2

669 149 3
                                    

အခန်း ၃၇ (အပိုင်း ၂)

မနက်ခင်းမှာ ရှဲ့ရန်က မနက်စာစားပြီး အိမ်ကနေ ထွက်လာခဲ့တယ်။ သူ အပြင်ထွက်ပြီး ကားပေါ်ထိုင်ပြီးတဲ့နောက်မှာ မထင်မှတ်ပဲ ဟုန်ကျန့်ဆီကနေ ဖုန်းဝင်လာခဲ့တယ်။

ဟုန်ကျန့်က မနေ့ညက ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကို ကောင်းကောင်း သိထားနေတယ်။ သူက ရဲစခန်းမှာ ရှိနေတဲ့ သူ့ရဲ့သူငယ်ချင်းတစ်ဦးဆီကနေ သိရှိခဲ့ရတာ ဖြစ်ပြီး အဲ့ဒီလူသုံးဦးက အရင်က ရာဇ၀တ်မှုတွေ ကျူးလွန်ခဲ့ဖူးကြောင်း သူက ရှဲ့ရန်ကို ပြောပြလာတယ်။ ဟုန်ကျန့်က သူ့မှာ ကလေးအတွက် ပေးချင်တာ တစ်ခုခု ရှိတယ်လို့ ထပ်ပြောလာပြီး ရှဲ့ရန် ဘယ်အချိန် အိမ်ပြန်ရောက်မှာလဲလို့ မေးလာပြန်တယ်။

"ချန်ယန်က အိမ်မှာရှိတယ်၊ မင်း အဲဒီကို သွားလို့ရတယ်" ရှဲ့ရန်က ဟုန်ကျန့်ကို သူ့သားနဲ့ တွေ့ဖို့ အရင်သွားခိုင်းလိုက်ပြီး သူ့ကို စောင့်မနေရင်လည်း ရတဲ့အကြောင်း ပြောလိုက်တယ်။

"ကောင်းပြီ၊ မင်း ငါ့ကို မင်းရဲ့လိပ်စာ အတိအကျ ပေးအုံး" ဟုန်ကျန့်က ဖုန်းထဲကနေ ပြောလာတယ်။

ဖုန်းခေါ်ဆိုမှုပြီးဆုံးပြီးနောက် ရှဲ့ရန်က သူတို့ရဲ့အိမ်လိပ်စာအသေးစိတ်ကို လှမ်းပို့ပေးလိုက်တယ်။

ဟုန်ကျန့်ရဲ့ အပြောအရတော့ မနက်ခင်းမှာ သူ လုပ်စရာရှိနေသေးလို့ သူက အဲ့ကို နေ့လည် ၂ နာရီ ၃ နာရီမှ သွားမှာပါ။ ရှဲ့ရန်က အဲ့အချိန်မှာ အပြင်မထွက်ဖို့ ချန်ယန်ကို ကြိုတင်ပြောပြထားလိုက်တယ်။

တစ်ဖက်မှာလည်း ဇီဒန်းက ချန်ယန်နဲ့ ရှဲ့ရန်တို့ရဲ့ရင်သွေးလေးကို တွေ့ဖို့ မနက်ခင်းမှာ အဲဒီကို သွားကြည့်ဖို့ စိတ်ကူးထားတယ်။ သူတို့ စမထွက်ခင်မှာ သူ့သူငယ်ချင်းတစ်ယောက်က သူများအိမ်ကို လက်ဗလာနဲ့သွားရင် မသင့်တော်ဘူးလို့ သတိပေးခဲ့တယ်။

လူ တော်တော်များများက ကုန်တိုက်ကို ကားမောင်းလာကြပြီး ကလေးပစ္စည်းတွေရောင်းတဲ့ စတိုးဆိုင်ကို တည့်တည့်မတ်မတ် ဝင်သွားကြတယ်။ သူတို့အားလုံးက ကောလိပ်ကျောင်းသားတွေဖြစ်ပြီး တစ်ယောက်မှာမှ ကလေးမရှိခဲ့ကြပါဘူး။

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာWhere stories live. Discover now