Part 33.1

988 185 3
                                    

အခန်း ၃၃ (အပိုင်း ၁)

ရှဲ့ရန်က အဲ့လိုပြောနေပေမယ့် ကလေးလေးကို သူ့မျက်စိရှေ့ကနေ အပျောက်မခံနိုင်ပါဘူး။ သူနဲ့ သူ့မိန်းမကို ပြိုင်လုဖို့ကြိုးစားတဲ့ ကောင်လေးက မိသားစုထဲကို မမျှော်လင့်ဘဲ ထပ်တိုးလာခဲ့တာကြောင့် သူရဲ့မိသားစုဘဝလေးက ပိုပြီး ကောင်းမွန်လာခဲ့တာပါ။

အိမ်ဆိုတဲ့ စကားလုံးက အရမ်းရိုးစင်းတဲ့ စကားလုံးပါပဲ၊ အိမ်ရဲ့ အရွယ်အစားတွေ ဇိမ်ရှိတာတွေ မရှိတာတွေ အားလုံးက ဘာမှ အရေးမကြီးပါဘူး။ တကယ်တော့ အထဲမှာ နေထိုင်တဲ့သူတွေနဲ့ဘဲ သက်ဆိုင်တာပါ။ ရှဲ့ရန်အတွက်ကတော့ သူ့ဘဝရဲ့တစ်သက်တာအတွင်း ပထမအနှစ်သုံးဆယ်မှာ သူ့အမေဆုံးပါးသွားကတည်းက အိမ်ဆိုတဲ့ စကားလုံးက သူနဲ့အတော် ဝေးကွာသွားခဲ့တယ်။

သူ့လက်နဲ့သူ အလုပ်တွေ ကြိုးစားရင်း ငွေကြေးနဲ့ ခွန်အားတွေ ပိုင်ဆိုင်လာခဲ့တယ်။ အိမ်နဲ့ မိသားစုလို အရာတွေ သူမှာ မရှိခဲ့တာကို အစောကြီးကတည်းက သူ သိခဲ့ပေမယ့် သူ့ဘ၀မှာ ချို့ယွင်းချက်တွေ အများကြီး ရှိနေတာကြောင့် ဖြစ်နိုင်တယ်လို့ သူ တစ်ချိန်က ထင်ခဲ့ဖူးတယ်။ ဒါပေမယ့် အခုအချိန်မှာ‌တော့ သူ နားလည်မှု လွဲချော်ခဲ့တယ်ဆိုတာကို သူ သိလိုက်ရတယ်။

သူ့မှာ ချို့ယွင်းချက်ရှိတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား?? ဘုရားသခင်က သူ့ကို အရမ်းကြင်ကြင်နာနာ ဆက်ဆံပြီး နူးညံ့သိမ်မွေ့တဲ့ ချစ်သူလေးကို သူ့အတွက် စေလွှတ်ပေးခဲ့တယ်။

သူက ချန်ယန်လက်ထဲက သူတို့ရဲ့သားလေးကို လှမ်းယူပြီး ပွေ့ဖက်ထားလိုက်တယ်။ ရှဲ့ရန်က အခုမှ အပြင်က ပြန်ရောက်လာဆိုတော့ သူ့တစ်ကိုယ်လုံးက အေးစက်နေသေးတယ်။ ကောင်လေးက ချန်ယန်ရဲ့လက်မောင်းတွေထဲကနေ ဆွဲထုတ်ခံလိုက်ရတဲ့ အချိန်မှာ အေးသွားပြီး သိသိသာသာကို စိတ်ဓာတ်ကျသွားပုံရတယ်။

ရှဲ့ရန်က သူ့မျက်နှာနဲ့ ကောင်လေးရဲ့ နူးညံတဲ့ မျက်နှာကို ကပ်လိုက်ပြီး ဖွဖွလေး ပွတ်သပ်လိုက်တယ်။ သူ မနက်က မုတ်ဆိတ်ရိတ်ခဲ့ပေမယ့် အဲ့တာက ကလေးရဲ့မျက်နှာကို ယားယံစေသေးတယ်။ ကလေးလေးတွေက သူ့တို့ရဲ့ဒေါသကို ဘယ်လို ထိန်းထားနိုင်မလဲ မသိသေးပေမယ့် နောက်အခိုက်အတန့်မှာ ဖြစ်ပျက်ခဲ့တာတွေကို မေ့သွားတက်တယ်။ ဒါပေမယ့် ကလဲ့စားချင်နေတဲ့ ကောင်လေးကတော့ သူ့အဖေရဲ့ ဆံပင်လေးတွေကို လက်နှစ်ဖက်နဲ့ ကိုင်လိုက်ပြီး ခပ်တင်းတင်း ဆွဲစောင့်နေတယ်။

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာWhere stories live. Discover now