Part 30.1

960 145 3
                                    

အခန်း ၃၀ (အပိုင်း ၁)

သားဖြစ်သူ့ရဲ့ မျက်လုံးတွေ နီရဲနေတာကို မြင်လိုက်ရတာကြောင့် ချန်ယန်မိခင်ရဲ့ အမူအရာက ပိုပြီးတည်ငြိမ်သွားခဲ့တယ်။ သူမပါးစပ်ကနေ ထွက်လာတဲ့ စကားတွေက အတက်အကျ မရှိဘဲ ချောမွေ့နေတယ်။

"နေမကောင်းရင် ဆရာဝန်သွားပြပါ"

သူတို့မိသားစုဝင်တွေရဲ့ ခံစားချက်တွေကို ထုတ်ဖော်ပြောဆိုပုံက တခြားဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေထက် ပိုဆိုးဝါးတယ်။ သူတို့က တစ်ယောက်နဲ့တစ်ယောက် ယဥ်ယဥ်ကျေးကျေးပြောဆိုကြပြီး အေးစက်စက်ဆက်ဆံလေ့ရှိတယ်။

"မဟုတ်ပါဘူး၊ ကျွန်တော့် မျက်လုံးထဲကို တစ်ခုခုဝင်သွားလို့ပါ" ချန်ယန်က သူ့ခေါင်းကို မော့ပြီး ပြုံးပြနေပေမယ့် သေချာကြည့်ရင်တော့ သူ့အပြုံးက အရမ်းဝန်းလေးနေတယ်ဆိုတာကို တွေ့နိုင်မှာပါ။

ဒါပေမယ့် သူ့အမေက လုံးဝ သတိမထားမိဘူး။ သူ့အမေက ခေါင်းတညိတ်ညိတ်နဲ့ ဘာမှပြန်မပြောဘဲ လှည့်ထွက်ဖို့ ပြင်လိုက်တယ်။ ချန်ယန်က ရုတ်တရက် သူမကို လှမ်းတားလိုက်တယ်။

"အမေ!" ချန်ယန် ရုတ်တရက် ခေါ်လိုက်တာကြောင့် သူ့အမေက လှည့်ကြည့်လိုက်တယ်။

ချန်ယန်က "ကျွန်တော် မိန်းကလေးတွေကို မကြိုက်ရင် ..."

ဒါပေမယ့် သူ့အမေရဲ့ ရုတ်တရက် အေးစက်လာတဲ့ အကြည့်တွေ အောက်မှာ ချန်ယန်က စကားဆက်ဖို့ မဝံ့ရဲတော့ဘူး။

သားဖြစ်သူက ဘာလို့ ဒီလိုစကားမျိုး ပြောလဲဆိုတာကို မိခင်ဖြစ်သူက မသိပေမယ့် သူမက အလေးအနက် မထားခဲ့ဘူး။ သားဖြစ်သူက အမြဲတမ်း ကောင်းကောင်းမွန်မွန် နေထိုင်ပြီး ဉာဏ်ရည်ထက်မြက်တဉ်။ ဖခင်ဖြစ်သူနဲ့ သူမက သူတို့သားအတွက် ဘာကိုမှ စိတ်ပူစရာ မလိုခဲ့ဘူး။

အရင်တုန်းကလည်း ဒီလိုပဲ၊ အခုလည်း ဒီအတိုင်းပဲ၊ နောင်မှာလည်း ဒီလိုမျိုးဖြစ်သင့်တယ်လို့ သူမ တွေးထားခဲ့တယ်။

အဓိကက သူ မိန်းကလေးတွေကို မကြိုက်ရင် ဘာကို ကြိုက်တာလဲ?? သူ့အမေက အဲဒါကို တွေးတောင် မတွေးဖူးဘူး။

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာWhere stories live. Discover now