Part 21.2

1.1K 172 2
                                    

အခန်း ၂၁ Propose (အပိုင်း ၂)

'မဖွင့်ပါနဲ့၊ အတွင်းထဲက ပစ္စည်းကို မထုတ်လိုက်ပါနဲ့...'

ချန်ယန်က သူ့နှလုံးသားထဲကနေ အော်ဟစ်နေမိတယ်။ သူ တိတ်တိတ်လေးအော်နေတဲ့ အသံကို သူပဲ ကြားနေရပြီး ရှဲ့ရန်က အနီရောင် ဘရိုကိတ်ဘူးလေးကို ဖွင့်လိုက်ပြီး အတွင်းထဲက ပလက်တီနမ်လက်စွပ်လေးကို ချန်ယန်ကို လှမ်းပေးလိုက်တယ်။

"ချန်ယန်၊ ကိုယ့်ကို လက်ထပ်ပါ" အမြဲတမ်း တင်းမာပြီး အေးစက်စက်ဖြစ်နေတက်တဲ့ ရှဲ့ရန်ရဲ့ မျက်နှာက ဒီအချိန်မှာ လုံးဝပြောင်းလဲနေပြီး သူ့မျက်ခုံးတွေမှာတောင်မှ အဆုံးမရှိတဲ့ နူးညံ့သိမ်မွေ့မှုတွေ စွန်းထင်းနေခဲ့တယ်။

သူ့အသံက ခိုင်မာနေပြီး ဆွဲဆောင်မှုအားကောင်းနေတာကြောင့် ချန်ယန်ရဲ့ငြင်းဆန်ချင်နေမှုကို ယိမ်းယိုင်သွားစေတယ်။

"ကျွန်တော်က ယောက်ျားပဲ၊ ကျွန်တော် ခင်ဗျားကို ဘယ်လို လက်ထပ်ရမှလဲ..."

ချန်ယန်အတွက်တော့ သူ့နှလုံးခုန်သံကတောင် သူ့နားထဲမှာ ပဲ့တင်ထပ်နေပြီး သူ နောက်ပြန်ဆုတ်သွားပေမယ့် သူ့နောက်မှာက ကုလားထိုင်၏ နောက်မှီရှိနေတာကြောင့် ချန်ယန်ရဲ့နောက်ကျောတစ်ခုလုံးက ထိုင်ခုံနောက်မှီမှာ ဖိကပ်ထားသလို ဖြစ်သွားတယ်။

သူ့စိတ်တွေ ဗလာနေဖြစ်ပြီး သူ့ခန္ဓာကိုယ်က ကုလားထိုင်ပေါ်မှာ သံမှိုနဲ့ အစွဲခံထားရပုံ ပေါ်နေတယ်။ သူ့ရဲ့အသိစိတ်က ဒီနေရာကနေ လွတ်မြောက်ဖို့ ကြိုးစားနေပေမယ့် သူ့ခန္ဓာကိုယ်က ဒီလူရဲ့အကြည့်တွေထဲမှာ ပိတ်မိနေပြီး မလွတ်မြောက်နိုင်ခဲ့ပါဘူး။

"ကိုယ့်ကို လက်ထပ်ပါ၊ မင်းအတွက် နွေးထွေးတဲ့မိသားစုလေး ဖြစ်လာအောင် ကိုယ်ကြိုးစားပေးပါ့မယ်၊ မင်းနဲ့ ကိုယ်တို့ရဲ့ရင်သွေးလေးအတွက် ပြီးပြည့်စုံပြီး ပျော်ရွှင်စရာကောင်းတဲ့ အိမ်လေးတစ်လုံးကို ကိုယ်ဖန်းတီးပေးနိုင်ပါတယ်"

ရှဲ့ရန် ပြောတေတဲ့စကားတွေမှာ အချစ်ဆိုတဲ့သကားလုံး မပါဝင်ပေမယ့် သူပြောနေတဲ့ စကားတွေမှာ ရိုးသားတဲ့ ကတိသစ္စာတွေ ပါဝင်နေခဲ့တယ်။ ရည်းစား ဒါမှမဟုတ် ချစ်သူဆိုတာမျိုးမဟုတ်ဘဲ အဲ့နှစ်ခုထက် ပိုနီးစပ်တဲ့ ဆက်ဆံရေးတစ်ခုပါ။ "မိသားစု" ဆိုတဲ့ စကားလုံးမှာ တာဝန်သိစိတ်တွေ ပါ၀င်နေခဲ့တယ်။

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာWhere stories live. Discover now