Part 6 (1/2)

1.2K 177 4
                                    

အခန်း ၆ အလှလေး (အပိုင်း ၁)

ချန်ယန် တစ်ခုလုံး တောင့်တင်းသွားပြီး ရုတ်တရက် သူ လုံးဝ မလှုပ်ရဲတော့ဘူး။ သူမှာ နောက်ထပ် မလှုပ်ရှားဖို့ ပြင်းထန်တဲ့ အာရုံခံစားမှုတစ်ခု ရှိနေခဲ့တယ်။

တစ်ချိန်တည်းမှာပဲ ချန်ယန်ရဲ့ ကော်လာအပြင်ဘက်က မြင်နေရတဲ့ သေးသွယ်ပြီး လှပတဲ့လည်ပင်းလေးက သိသိသာသာ အနီရောင်ကို ပြောင်းလာတယ်။

ခန္ဓာကိုယ်အောက်မှာ ထိမိနေတဲ့ အရာက ပြတ်သားတဲ့ အထိအတွေ့ကို ပေးနေတယ်လေ။ ဆိုလိုတာက အဲ့တာက တစ်ပိုင်းတစ်စ အခြေအနေမှာပဲရှိနေသေးပြီး အပြည့်အဝ စိတ်လှုပ်ရှားနေခြင်း မရှိသေးပေ။ တကယ်နိုးထလာရင် သူ့ပုံစံက အရမ်းကြောက်စရာကောင်းတယ်လေ။

သူတို့ပတ်ဝန်းကျင်က လူတွေက ချန်ယန်ရဲ့ အခြေအနေကို အတိအကျ မသိကြသလို ချန်ယန်ရဲ့ ပွတ်တိုက်မှုကြောင့် ရှဲ့ရန် လောင်ကျွမ်းနေတာကိုလည်း သူတို့ မသိခဲ့ကြပါဘူး။

ညာဘက်မှာထိုင်နေတဲ့လူက ရှဲ့ရန်ကို အလှလေးကိုပဲ ကြည့်မနေဘဲ ဖဲချပ်တွေကို ဆက်ကစားဖို့ သတိပေးလာတယ်။

ရှဲ့ရန်က ချန်ယန်ရဲ့ခါးကို ဖက်ထားတယ်။ ဒီတစ်ခါ အင်အားက အရင်ကလောက် မပြင်းထန်တာကြောင့် ချန်ယန် ရုံးလိုက်ရင် လွတ်မြောက်နိုင်ပါတယ်။ ဒါပေမယ့် ချန်ယန်က အဲ့ဒီလို မလုပ်ခဲ့ဘူး။ သူက သူ့ပါးပြင်ပေါ်က အပူတွေ မြန်မြန် ပျောက်ကွယ်သွားဖို့ မျှော်လင့်ရင်း မျက်နှာကို ငုံ့ထားလိုက်တယ်။ သူနည်းနည်းလေး လှုပ်လိုက်တာနဲ့ အဲဒီလူရဲ့ အောက်ကအရာက သူ့ကို ပွတ်သပ်နေတာက စိတ်လှုပ်ရှားသွားစေတဲ့အထိပါပဲ။ ချန်ယန် ရှေ့ကို နည်းနည်းတိုးချင်ပေမယ့် နောက်တစ်ကြိမ်ထပ်ရွှေ့ရင် ဒီအရာက လုံးဝတက်လာမှာကို သူ ကြောက်နေမိတယ်။

သူ့ရဲ့တစ်ခုခုနဲ့ ထိမိနေတာကြောင့် ချန်ယန် ရှက်နေမှန်း ရှဲ့ရန်က သိပါတယ်။ ဒါပေမယ့် ချန်ယန်ရဲ့မျက်နှာက မက်မွန်သီးမှည့်လေးလို နီရဲနေပြီး နှလုံးခုန်စေနိုင်တဲ့ ရနံ့လေးတွေတောင် ပျံ့လွင့်နေတယ်လို့ သူ ခံစားရတယ်။ ရှဲ့ရန်က ကောင်လေးရဲ့ ချစ်စရာမျက်နှာလေးကို အမှန်တကယ် ကိုက်ပစ်ချင်နေခဲ့တယ်။

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာWhere stories live. Discover now