Part 16

1.5K 203 6
                                    

အခန်း ၁၆ ကလေးနဲ့ မင်း

ကားက စထွက်လိုက်တာနဲ့ ချန်ယန်ရဲ့ ထိတ်လန့်စိတ်တွေက တဖြည်းဖြည်း သက်သာလာခဲ့တယ်။ ရှဲ့ရန်က သူ့လက်ကို ဆုပ်ကိုင်ထားတာကို သူသဘောပေါက်နေခဲ့ပြီး အဲဒီလူရဲ့ လက်ဖဝါးက နွေးထွေးဓာတ်ကို သူလွမ်းဆွတ်နေခဲ့ပေမယ့် တချိန်တည်းမှာဘဲ သူမှာ ကိုယ်ဝန်ရှိနေတယ်ဆိုတာကို ဒီလူကို မပြောပြချင်သေးဘူး။

ချန်ယန်က သူ့လက်တွေကို ရုန်းထွက်ဖို့ ကြိုးစားနေပေမယ့် အဲဒီလူက သူလက်တွေကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခဲ့တယ်။

"လွှတ်ပါ၊ ကျွန်တော် ခင်ဗျားရဲ့နေရာကို မသွားဘူး" ချန်ယန်က ကိုယ်ဝန်ဖျက်ဆေးပုလင်းအကြောင်းကို မရှင်းပြနိုင်ပါဘူး။ ဒါပေမယ့် အဲ့တာကြောင့်နဲ့ သူ့လို ယောကျာ်းလေးတစ်ယောက်မှာ ကိုယ်ဝန်ရှိနေတယ်လို့ ဘယ်သူက အတည်ပြုနိုင်မှာလဲ၊ ချန်ယန်က သူ့ကလေးအကြောင်းကို ရှဲ့ယန်ကို မပြောပြချင်ဘူး။

ကလေးကို သူ့ဆီကနေ ဘယ်သူကိုမှ ယူသွားခွင့် မပေးနိုင်ဘူး။

"ချန်ယန်!" ရှဲ့ရန်က ရုတ်တရက် ချန်ယန်ကို ခေါ်လိုက်တယ်။

ချန်ယန်က သူ့ကို မော့ကြည့်လိုက်တော့ ထိုလူရဲ့ နက်နဲတဲ့ မျက်ဝန်းတွေထဲမှာ ချက်ခြင်း နှစ်ဝင်သွားခဲ့ရတယ်။

သူမျက်ဝန်းထဲက အမှောင်ထုက လူရဲ့စိတ်ဝိညာဉ်ကို စုပ်ယူနိုင်တဲ့ ရေတွင်းရေကန်တစ်ခုလိုပါပဲ။ ထိုလူက သူ့ကို နက်မှောင်တဲ့မျက်လုံးတွေနဲ့ စိုက်ကြည့်နေတာကြောင့် ချန်ယန်က တစ်ဖက်လူက သူ့ကို လေးလေးနက်နက် ချစ်နေတယ်လို့တောင် ထင်ယောင်ထင်မှား ဖြစ်သွားခဲ့တယ်။

အခုအချိန်မှာ ထိုလူရဲ့အမူအရာနဲ့တူတဲ့ လူမျိူး သူ ထပ်မရှာနိုင်တော့ဘူးဆိုတာကို သိလိုက်တယ်။ သူက ထိုလူကို သူ‌ထင်ထားတာထက်တောင် ပိုသဘောကျနေမိသေးတယ်။

"တိတ်တိတ်လေးနေပြီး ကိုယ့်စကားကို နားထောင်နော်၊ ကိုယ့်ကို မငြင်းပါနဲ့၊ ကိုယ် မင်းကို ကြင်နာပါရစေ၊ ကိုယ် မင်းနဲ့ ကလေးအပေါ် ကောင်းပေးပါရစေ"

ဒီလို နူးညံ့သိမ်မွေ့တဲ့ ရှဲ့ရန်ကို ဘယ်သူမှ တွန်းလှန်နိုင်မှာ မဟုတ်ပါဘူး။ အမြဲတမ်းအေးစက်နေတဲ့လူက ရုတ်တရက်နူးညံလာတဲ့အခါ သက်ရောက်မှုက ကြီးမားလွန်းနေတယ်။

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာKde žijí příběhy. Začni objevovat