Part-22.4

1K 160 5
                                    

အခန်း ၂၂ အပိုင်း ၄

တစ်ဖက်မှာတော့ မုန့်ချွီရဲ့အမူအရာက ရုတ်တရက် အနည်းငယ် ထူးဆန်းသွားသလို ဖြစ်နေပြီး သူ့ကောင်မလေးက သူ့ကို အကြိမ်ပေါင်းများစွာ ခေါ်နေပေမယ့် သူက ပြန်မဖြေနိုင်သေးဘူး။

ခနနေတော့ မုန့်ချွီက ချန်ယန်ရဲ့လက်ကို ရုတ်တရက် ဆွဲကိုင်လိုက်ပြီး ချန်ယန်ရဲ့ဘယ်ဘက်လက်သူကြွယ်မှာ ရှိနေတဲ့ ပလက်တီနမ်လက်စွပ်ကို ကြည့်လိုက်တယ်။

"ယန်ကော၊ မင်းမှာ ရည်းစားရှိနေတာလား" မုန့်ချွီအတွက်တော့ အဲဒီလက်စွပ် ဝတ်ထားတဲ့ နေရာက ဒီအဓိပ္ပာယ်ကိုပဲ တွေးနိုင်တယ်။

သူတို့ ဟောပေါ့မစားခင်နဲ့ စားသောက်နေကြတုန်းက စကားတွေတော်တော်များများ ပြောဖြစ်ကြပေမယ့် သူက အဲဒါကို သိပ်ဂရုမစိုက်ခဲ့မိဘူး။ အခုအချိန်မှ မုန့်ချွီက လက်စွပ်ဝတ်ထားတဲ့ ချန်ယန်ရဲ့လက်ကို ရုတ်တရက်တွေ့လိုက်ပြီး အမှတ်တမဲ့ မေးလိုက်တယ်။

ချန်ယန်က သူ့ကိုမေးတဲ့အခါ အံ့အားသင့်သွားပြီး ချက်ချင်း ပြန်မပြောချင်တော့ဘူး၊ တကယ်တော့ ရုတ်တရက်ဆိုသလို ဖြစ်ပျက်သွားတာကြောင့် သူလည်း သတိမထားလိုက်မိဘူး။

ဒါပေမယ့် အပြင်မှာ အလုပ်လုပ်နေတဲ့ ရှဲ့ရန်ကို တွေးလိုက်မိတာကြောင့် သူက သူ့ဝမ်းကွဲရဲ့စပ်စုနေတဲ့ မျက်လုံးတွေအောက်မှာ ခေါင်းညိတ်ပြလိုက်တယ်။

"မင်းတို့ တွဲနေတာ ဘယ်လောက်ကြာပြီလဲ? ယန်ကော မင်းက အဲ့တာကို ဖုံးကွယ်ထားတယ်ပေါ့ တော်လိုက်တာ" မုန့်ချွီက ချန်ယန်က လိင်တူနှစ်သက်သူ ဆိုတာကို မသိဘဲ တစ်ဖက်လူကို မိန်းခလေးလို့ ထင်နေတာပါ။

"တစ်လကျော်ကျော်လောက်" အတိအကျပြောရရင်တော့ အဲ့ထက်ပိုကြာနေပြီ။

မုန့်ချွီက သူ့ဝမ်းကွဲကို လေးလေးနက်နက် ဂရုစိုက်ပြီး သူမကို တွေ့နိုင်မလားလို့ မေးလိုက်တယ်။ မုန့်ချွီက ချန်ယန်က ရုပ်ချောပြီး အရမ်းတော်တဲ့သူတစ်ယောက်မို့ သူ့ဝမ်းကွဲမရီးကလည်း သိပ်မကွာခြားဘူးလို့ တွေးနေခဲ့တယ်။

"သူ့မှာ နေ့ခင်းဘက်အလုပ်တွေရှိတယ်၊ လောလောဆယ် မလာနိုင်ဘူး" ချန်ယန်က ပြန်ဖြေလိုက်တယ်။

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာWhere stories live. Discover now