Part 30.2

960 173 3
                                    

အခန်း ၃၀ (အပိုင်း ၂)

ရှဲ့ရန်နဲ့အတူ ရှိနေရင် အချိန်တွေ ကုန်ဆုံးတာက အနည်းငယ် ပိုမြန်နေပုံရတယ်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ကျောင်းပြန်စတက်ရမယ့်နေ့ကို ရောက်လာပြန်တယ်။

တစ်ချိန်တည်းမှာဘဲ ချန်ယန်က သူ စိတ်ထင်နေတာလား မသိနိုင်ပေမယ့် သူ့ရဲ့ဗိုက်က တနေ့ထက်တစ်နေ့ ပိုကြီးလာတယ်လို့ အမြဲလိုလို ခံစားလာရတယ်။

ရာသီဥတုက နွေဦးရာသီကို ပြောင်းသွားခဲ့ပေမယ့် ဆောင်းရာသီရဲ့ အအေးဓာတ်က အခုထိ ရှိနေတုန်းပဲ။ သူကအနွေးအင်္ကျီကို ချွတ်ထားရပေမယ့် ကုတ်အင်္ကျီကိုတော့ ၀တ်ထားတုန်းပဲ။ နေ့ခင်းဘက်မှာ သူ အင်္ကျီဝတ်ထားတာကြောင့် ဘာကိုမှ သေချာ မမြင်နိုင်ပေမယ့် အိမ်ပြန်ရောက်လို့ အိမ်နေအဝတ်အစားတွေကို လဲပြီး ခေါင်းငုံ့ကြည့်လိုက်တာနဲ့ သူရဲ့ ဗိုက်ဖောင်းဖောင်းလေးကို မြင်နေရတယ်။

တကယ်လို့ ရာသီဥတုက ပူနွေးလာပြီး ပါးလွှာတဲ့အဝတ်အစားတွေကို ဝတ်ရမယ့်အချိန်ရောက်လာရင် သူ့ဗိုက်က ပိုပြီး မြင်သာလာလိမ့်မယ်။

ငါ့ဗိုက်ထဲက ကလေးလေးက ဖရဲသီးလေးလို တနေ့ထက်တနေ့ ကြီးပြင်းလာတာဟ...!

ချန်ယန်က သူ့အိမ်ကနေပြန်ရောက်လာတဲ့ လလယ်ပိုင်းလောက်က ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးဖို့ ရှဲ့ရန်နဲ့အတူ ဆေးရုံကို သွားခဲ့သေးတယ်။ သူနဲ့ရှဲ့ရန် နှစ်ဦးစလုံးက ဒီကလေးအတွက် အရမ်းကို စိုးရိမ်နေခဲ့ကြတယ်။

စစ်ဆေးမှုရလဒ်တွေအရ ချန်ယန်ရဲ့ ဗိုက်ထဲက ကလေးက အမျိုးသမီးအများစုရဲ့ကိုယ်ဝန်ထက် ဖွံဖြိုးတာ ပိုမြန်နေတယ်လို့ သိခဲ့ရတယ်။

မူလက ချန်ယန်က ဆယ်လတာကိုယ်ဝန်ဆောင်မယ်လို့ အခြေခံတွက်ချက်ထားတာကြောင့် သူမွေးဖွားမယ်လက ဇူလိုင်လဝန်းကျင်လောက်ဖြစ်မယ်လို့ထင်ထားခဲ့ပေမယ့် အခု ဆရာဝန်ရဲ့စကားအရ ဇွန်လထက်တောင် စောနိုင်သေးတယ်တဲ့။

ဇွန်လမှာက အတန်းတွေ ရှိနေတုန်းပဲ၊ အဲဒီအချိန်ဆိုရင် သူ့ဗိုက် အရမ်းကြီးနေပြီး အဝတ်တောင် မဖုံးနိုင်လောက်တော့ဘူး။

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာWhere stories live. Discover now