Part 22.1

1.1K 163 3
                                    

အခန်း ၂၂ အပိုင်း ၁

ရှဲ့ရန်က သူ့ရဲ့လုပ်ဆောင်နိုင်စွမ်းကြောင့် အမြဲတမ်း နာမည်ကြီးခဲ့တယ်။ ဒီအိမ်ကို ရောက်ပြီးတာနဲ့ သူက သူ့လက်ထောက်ကို ချက်ချင်းဖုန်းဆက်လိုက်ပြီး ချန်ယန် ငှားနေတဲ့နဲ့ ဆရာ့ရဲ့တိုက်ခန်းသော့ကို လာယူဖို့ ကျောင်းအပြင်ကို ထွက်လာခိုင်းလိုက်တယ်။ နာရီဝက်ကျော်ကြာတော့ လက်ထောက်က ကားနဲ့ရောက်လာတယ်။

ဒီအချိန်မှာ ဒီယောက်ျားရဲ့လက်ထပ်ခွင့်ကို သဘောတူလိုက်တဲ့ ချန်ယန်ရဲ့ စိတ်အခြေအနေကလည်း ချက်ချင်းနီးပါး ပြောင်းလဲသွားခဲ့တယ်။

အိမ်ကို သူ့ဆီကို လွှဲပေးရင်တောင် သူက တစ်ယောက်တည်းနေမှာ မဟုတ်ပါဘူး။ အခုသူက ရှဲ့ရန်ရဲ့ဇနီးဖြစ်ပြီး သူတို့ရဲ့ရင်သွေးလေးက နွေရာသီမှာ မွေးဖွားလာတော့မယ်။

ချန်ယန်က သော့ကို လက်ထောက်ဆီကို အေးအေးဆေးဆေး လှမ်းပေးလိုက်ပြီး သူလည်း အဲဒီကိုအတူလိုက်မယ်လို့ ပြောလိုက်တယ်။

အချို့အရာတွေက အိမ်ရှင်တွေရဲ့ပိုင်ဆိုင်မှုတွေဖြစ်နေတာကြောင့် လက်ထောက်က အဲ့တာတွေကို ရှင်းရှင်းလင်းလင်း မသိမှာကို သူ စိုးရိမ်တယ်။ ပြီးတော့ ငွေရေးကြေးရေး ကိစ္စတွေပြောဖို့ အိမ်ရှင်နဲ့ ဆက်သွယ်ရမယ်။

ရှဲ့ရန်က သူ့ရဲ့ကုမ္ပဏီမှာ ကိစ္စတစ်ခုခု ရှိနေပေမယ့် သူက ချန်ယန်ကို အဲ့ဒိအိမ်ကို သူကိုယ်တိုင် လိုက်ပို့ပေးခဲ့တယ်။ ချန်ယန်ကို ကိုယ်တိုင် ဝင်မလုပ်ဖို့ တင်းတင်းကျပ်ကျပ် သတိပေးခဲ့တယ်။ သူက အိမ်ပြောင်းရွေ့ပေးတဲ့ကုမ္ပဏီကိုလည်း ဆက်သွယ်ပေးထားခဲ့တာကြောင့် ချန်ယန်က အဲ့ကုမ္ပဏီဘက်က ဖုန်းခေါ်ဆိုမှုတစ်ခုကို စောင့်ဆိုင်းနေရုံပဲရှိတော့တယ်။

သူတို့ဗီလာကနေ ထွက်လာကတည်းက သူ့က ဆက်သွယ်ထားပြီးပြီဆိုတော့ အိမ်ပြောင်းရွေ့ပေးတဲ့ ကုမ္ပဏီရဲ့ဝန်ထမ်းတွေ လမ်းမှာ လာနေကြပြီ။ ချန်ယန်က သူ့စကားတွေကို နားထောင်နေပြီး ခေါင်းငြိမ့်ပြလိုက်တာကို တွေ့လိုက်တာကြောင့် ရှဲ့ရန်က စိတ်ချလက်ချ လှည့်ထွက်သွားတယ်။

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာWhere stories live. Discover now