Part 13

1.2K 192 7
                                    

အခန်း ၁၃ ကိုယ်ဝန်ဖျက်ဆေး

ချန်ယန်က ယောက်ျားတွေကို မိန်းမတွေထက် ပိုနှစ်သက်တာမိတာကြောင့် သူက လိင်တူနှစ်သက်သူဆိုတာကို အစောပိုင်းကတည်းက သိခဲ့ပေမယ့် ချန်ယန်မှာ ထိုသို့သော အတွေးမျိုး မရှိခဲ့ပေ။

ဥပမာအားဖြင့်၊ အငှားမိခင်ရှာပြီး ကလေးမွေးဖို့တို့ ဒါမှမဟုတ် အနာဂတ်မှာ အမျိုးသမီးတစ်ဦးကို လက်ထပ်ပြီး ကလေးယူဖို့တို့ သူတစ်ခါမှတောင် အဲ့လိုမတွေးခဲ့ပါဘူး။

ပထမတစ်ခုကိုတော့ ချန်ယန်က အမည်မသိလူတစ်ဦးမှ သူ့ကလေးကို သယ်ဆောင်ထားတာက သူလက်ခံနိုင်ဖို့ ခက်ခဲတယ်လို့ ခံစားခဲ့ရတယ်။

နောက်တစ်ခုအနေနဲ့ကတော့ အဲ့တာက အခြားမိန်းခလေးကို လှည့်စားပြီး ထိခိုက်နစ်နာစေတာမျိုးပါ။ သူက သူ့ရဲ့တစ်ကိုယ်ကောင်းဆန်တဲ့ ဆန္ဒတစ်ခုထဲအတွက်နဲ့ အပြစ်မဲ့တဲ့သူကို ထိခိုက်စေမှာ မဟုတ်ပါဘူး။

ချန်ယန်က ကလေးတွေကို စွဲလမ်းခြင်း မရှိပေမယ့် အနာဂတ်မှ သူ ကလေးတစ်ယောက်ကို မွေးစားတာမျိုးတော့ ဖြစ်နိုင်သေးတယ်။ ဒါပေမယ့် တစ်နေ့မှာ သူကိုယ်တိုင် ကိုယ်ဝန်ရှိလာမယ်လို့တော့ တစ်ခါမှ မတွေးခဲ့ပေ။

ဘာတွေဖြစ်နေတာလဲ?? သူက လူမဟုတ်ဘူးလား??

ချန်ယန်က သူ့ခန္ဓာကိုယ်ကိုသူ နားလည်တယ်၊ သူက တကယ့်လူ့အစစ်။

ဒါပေမယ့် ချန်ယန်က အမျိုးသားများရဲ့ ကိုယ်ဝန်အကြောင်း ရှာဖွေဖို့ အင်တာနက်ကို ဝင်ရောက်ခဲ့ပေမယ့် အလားတူ အချက်အလက်ကို မတွေ့ရှိခဲ့ရပေ။

ဒါပေမယ့် ယောက်ျားတစ်ယောက်က လိင်ပြောင်းထားတဲ့သူလို့ ပြောနေတဲ့ သတင်းတစ်ပုဒ်ကို သူ တွေ့လိုက်ရတယ်။ သူက မူလက အမျိုးသမီးတစ်ဦးဖြစ်ပေမယ့် လိင်ပြောင်းခွဲစိတ်မှုခံယူပြီးနောက် သားအိမ်က သူ့ခန္ဓာကိုယ်ထဲမှာ ကျန်ရှိနေခဲ့ပြီး မဖယ်ရှားနိုင်ခဲ့ဘူး။

နောက်ပိုင်းမှာ သူ့ယောက်ျားက ကလေးယူချင်တာကြောင့် သူက ယောက်ျားခန္ဓာကိုယ်နဲ့ ကိုယ်ဝန်ဆောင်ပြီး အမှန်တကယ် ကလေးယူခဲ့တယ်။

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာWhere stories live. Discover now