Part 38.2

662 138 5
                                    

အခန်း ၃၈ (အပိုင်း ၂)

နှစ်ယောက်သား ဆေးလိပ်သောက်ရင်း ပြတင်းပေါက်ဘေးမှာ ရပ်နေကြပြီး ပထမတော့ ပတ်ဝန်းကျင်က အတော်လေး အေးချမ်းနေပေမယ့် ရုတ်တရက် ဟုန်ကျန့်က ဇီဒန်းကို တစ်ခုခု လှမ်းပြောလိုက်တယ်။

"မင်း ကြယ်သီးမှားနေတယ်"

ဇီဒန်းက စီးကရက်ကို လက်ချောင်းတွေကြားမှာ ကိုင်ထားရင်း သူ့ကိုယ်သူ ခေါင်းငုံကြည့်လိုက်တယ်၊ ဟုတ်တယ် သူ ကြယ်သီးတွေ မှားတပ်ထားမိတယ်။

သူက ထိတ်လန့်တကြားနဲ့ ကြယ်သီးကို ပြင်ဖို့ ချက်ချင်း လုပ်ခဲ့ပေမယ့် သူ့လက်ထဲက စီးကရက်ကို မေ့သွားတာကြောင့် အပူလောင်သွားပြီး အော်ဟစ်လိုက်မိတယ်။

အခန်းထဲကလူတွေက ဇီဒန်းရဲ့အော်သံတွေကိုပဲ ကြားလိုက်ရပြီး သူတို့နှစ်ဦး ဘာတွေလုပ်နေတယ်ဆိုတာကို မသိလိုက်ကြဘူး။

အားလုံးက သူ့ကို အထူးအဆန်းလို ဝိုင်းကြည့်နေကြတယ်။

ဇီဒန်းရဲ့ နားရွက်တွေက နီရဲသွားရုံတင်မကဘဲ သူ့လည်ပင်းတောင် ကြက်သွေးရောင် ပြောင်းသွားတယ်။

ဒီနေ့ အရမ်း ကံဆိုးတယ်။ ဇီဒန်းက ဧည့်ခန်းထဲကို ပြန်သွားလိုက်ပြီး အခန်းထဲရောက်တော့ သူက ရေခဲတုံးတွေ ရှိလားလို့ ချန်ယန်ကို မေးလိုက်တယ်။

ချန်ယန်က ရေခဲတုံးနဲ့ မီးလောင်ဒဏ်ရာအတွက် ဆီမွှေးကို ယူလာပေးတယ်။

အားလုံးက ဘာလို့ သူ့ကိုယ်သူ မီးရှို့ခဲ့တာလဲလို့ မေးမြန်းတဲ့အချိန်မှာ ဇီဒန်းက လိမ်ညာမှုတစ်ခု လုပ်ခဲ့တယ်။ သူမှာ သူ့အဝတ်အစားတွေကို ကြယ်သီးများတပ်မိပြီး သူ့ကိုယ်သူ မီးရှို့မိတယ်လို့ ပြောစရာမှာ မျက်နှာ မရှိဘူးလေ။

ကလေးအခန်းထဲမှာတော့ အိပ်နေတဲ့ ကလေး‌လေးလေး ပါးစပ်လေးဟပြီး နိုးလာပြန်တယ်။ သူရဲ့နို့လို ဖြူစင်နူးညံ့တဲ့ မျက်နှာလေးက တကယ်ကို ချစ်ဖို့ကောင်းနေတယ်။ ချန်ယန်က ကလေးကို သူ့ရင်ခွင်ထဲမှာ ပွေ့ထားရင်း ကလေးရဲ့ဘောင်းဘီကို ချွတ်လိုက်ပြီး စိုနေလားလို့ စစ်ဆေးနေတယ်။

စိုစွတ်နေတဲ့ နေရာကို မြင်တာနဲ့ ချန်ယန်က ဘောင်းဘီအသစ်ယူလာပေးဖို့ တစ်ယောက်ယောက်ကို အကူအညီတောင်းလိုက်တယ်။

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာWhere stories live. Discover now