Part- 20(1/2)

1.2K 191 3
                                    

အခန်း ၂၀ အနမ်းနှစ်ခု (အပိုင်း ၁)

ချန်ယန်က မျက်လုံးတွေကို မမှိတ်ထားဘဲ သူ့မျက်လုံး‌တွေ တောက်ပနေပြီး သူ့မျက်ဝန်းတွေထဲမှာ ဆောင်ဦးရဲ့အရိပ်အငွေ့လေးတွေ ရှိနေပြီး လူတွေကို သူနဲ့အတူ လိုက်ပါစေဖို့ ဆွဲဆောင်နေသလိုပါပဲ။

တကယ်က ချန်ယန်က သူ နမ်းပြီးတာနဲ့ နောက်ပြန်ဆုပ်ဖို့ စိတ်ကူးထားတာပါ။

ဒါပေမယ့် ရှဲ့ရန် အတွက်ကတော့ သူကြိုက်တဲ့လူက သူ့ကို ရုတ်တရက် နမ်းလိုက်တဲ့အခါ သူ့ရင်ထဲမှာ ကြီးမားတဲ့ လှိုင်းဂယက်တွေ ဖြစ်ပေါ်လာစေခဲ့တယ်။

ကလေးရဲ့ရုတ်တရက် ရောက်ရှိလာမှုက သူတို့နှစ်ဦးစလုံးအတွက် အံ့အားသင့်စရာ ဖြစ်ခဲ့ပြီး လွန်ခဲ့တဲ့ရက်အနည်းငယ်မှာ သူတို့ တွေ့ဆုံကြတဲ့အချိန်တွေဆိုရင် ချန်ယန်က ရှဲ့ရန်ရဲ့အသွင်အပြင်နဲ့ချဉ်းကပ်မှုကို အတော်လေး ခံနိုင်ရည်ရှိခဲ့ပေမယ့် အခုလို စိတ်အားထက်သန်စွာနဲ့ အစပြုနေတဲ့ပုံလေးက အရမ်းကို ကွဲပြားနေခဲ့တယ်။

တကယ်တော့ ရှဲ့ရန်က ဖြည်းဖြည်းလေး ပြန်တွေးကြည့်ရင်း နွေဦးလေပြည်နဲ့ မိုးဖွဲလေးတွေ ကျနေသလို ခံစားနေရတယ်။ အဲဒီညက ချန်ယန်ကို အိမ်ပြန်ခေါ်သွားပြီးကတည်းက ရက်အနည်းငယ်ကြာအောင် မတွေ့ခဲ့ရတာကြောင့် သူ ချန်ယန်ကို လွမ်းနေခဲ့တယ်။ သူက ချန်ယန်နဲ့ ကလေးကို တချိန်လုံး သူ့မျက်စိအောက်မှာထားပြီး စောင့်ကြည့်ချင်ခဲ့တာပါ။

အခု ချန်ယန်က ရုတ်တရက် သူ့ကို နမ်းဖို့ အစပြုလာတယ်။ ကောင်လေးရဲ့နှုတ်ခမ်းတွေက ဂျယ်လီလေးလို နူးညံ့ပျော့ပျောင်းနေပြီး ချန်ယန် နောက်ပြန်ဆုတ်ခါနီးမှာ ရှဲ့ရန်က ချန်ယန်ရဲ့ခါးကို ဆွဲပွေ့က်ပြီး သူ့ရင်ခွင်ထဲကို တင်းတင်းကျပ်ကျပ် ဆွဲသွင်းလိုက်တယ်။

ညဉ့်နက်နေတာကြောင့် လမ်းသွားလမ်းလာတွေ မရှိတော့ဘဲ၊ ညလေပြင်းကြောင့် ကြွေကျနေတဲ့ သစ်ရွက်ခြောက်တွေနဲ့ ကောင်းကင်မှာရှိနေတဲ့ လပြည့်ဝန်းကြီးက သူတို့ရဲ့အနမ်းတွေကို သက်သေခံပေးနေတယ်။

ချန်ယန်ရဲ့နှုတ်ခမ်းတွေက ချိုမြိန်လွန်းနေပြီး ရှဲ့ရန်ရဲ့လျှာဖျားက ချန်ယန်ရဲ့ပါးစပ်ကို ရောက်သွားတဲ့အခါ ရှဲ့ရန်က သူရဲ့လျှာဖျားကနေ မက်မွန်အရသာလို ချိုမြိန်တဲ့ အရသာလေးတစ်ခုကို ချက်ချင်း မြည်းစမ်းလိုက်ရပြီး အဲ့တာက သူ့ခန္ဓာကိုယ်ထဲကို ပျံနှံသွားသလို ခံစားလိုက်ရတယ်။

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာWhere stories live. Discover now