Part 11(1/2)

1.1K 176 1
                                    

အခန်း ၁၁ နှစ်သန်း(၁/၂)

ထိုနေ့က သူ ကျောင်းကို ပြန်ရောက်တုန်းက ချန်ယန်က ခရီးဆောင်အိတ်ထဲက ပစ္စည်းအချို့ကိုပဲ ထုတ်ယူခဲ့တာကြောင့် အခြားအခြေအနေတွေကို ချက်ချင်း ဂရုမစိုက်လိုက်ဘူး။

အိပ်ဆောင်မှာ ကောင်းကောင်း အိပ်စက်အနားယူပြီး နောက်တစ်နေ့မှာ ချန်ယန်က သူရဲ့ ခရီးဆောင်အိတ်ထဲက ပစ္စည်းအားလုံးကို ထုတ်ယူလိုက်တဲ့အချိန်မှ မမျှော်လင့်ထားတဲ့ အရာတစ်ခုကို တွေ့လိုက်ရတယ်။

အဲ့တာက ချက်လက်မှတ် တစ်စောင် ဖြစ်နေပြီး ချန်ယန်က ချက်လက်မှတ်ပေါ်က သုညတွေကို နှစ်ကြိမ်တိုင်တိုင် ရေတွက်လိုက်မိတယ်။ သူမှားနေတာမျိုးမဖြစ်ရအောင် ချန်ယန်က သုညတွေကို ‌ရှေ့တပြန် နောက်တပြန် တစ်ကြိမ်ထပ် ရေတွက်လိုက်တယ်။

တကယ်ကို နှစ်သန်းပါ။

ထိုအချိန်တွင် အိပ်ဆောင်တွင် အခြားအခန်းဖော် သုံးဦးရှိနေပြီး အခြားနှစ်ဦးက သူတို့ရဲ့ စောင်တွေထဲမှာ ခိုအောင်းနေပြီး အိပ်ရာကနေ ဆင်းလာဖို့ ငြင်းဆန်နေခဲ့တယ်။

ချန်ယန်က တန်ဖိုးကြီးတဲ့ ချက်လက်မှတ်ကို စိုက်ကြည့်ပြီး သူ့အခန်းဖော်တွေကို မေးလိုက်တယ် "ဟေး၊ မင်းတို့မှာ နှစ်သန်းလောက်ရှိရင် ဘာလုပ်မှာလဲ"

"ဆက်အိပ်မယ်" မျက်နှာချင်းဆိုင် ကုတင်ပေါ်မှာ အိပ်နေတဲ့ ချန်ယန်ရဲ့အတန်းဖော်က မျက်တောင်မခတ်ဘဲ ခပ်တိုးတိုး ရေရွတ်လိုက်တယ်။

"အိမ်ဝယ်၊ အိမ်ဝယ်၊ အိမ်ဝယ်!" အရေးကြီးတဲ့အရာတွေကို သုံးကြိမ်တိုင်တိုင် ပြောရတယ်။

ဒါက တစ်ဖက်ခြမ်းက အတန်းဖော်ပြောလိုက်တာပါ။

အပြင်မှာ မျက်နှာသစ် သွားတိုက်နေတဲ့ ရည်းစားရှိတဲ့ အတန်းဖော်ကလည်း ချန်ယန်ရဲ့ အမေးကို ကြားလိုက်ရတယ်။ သူက အိပ်ဆောင်တံခါးကို တစ်ဝက်လောက်မှီပြီး အခန်းထဲကို ပြန်ကြည့်လိုက်တယ်။ ချန်ယန်က သူ့လက်ထဲမှာ အဖြူရောင်စာရွက်တစ်ရွက်ကို ကိုင်ထားတာကို သတိပြုမိပေမယ့် သူက အလွန်အမြော်အမြင် ရှိသူပါ။ ဒါပေမယ့် သူက အမြင်ကျဥ်းတယ်၊ သူက အမြင်မကျဥ်းရင်တောင် ဒီငွေစက္ကူက နှစ်သန်းတန်တဲ့ ချက်လက်မှတ်လို့ ခန့်မှန်းမိမှာ မဟုတ်ပါဘူး။

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာWhere stories live. Discover now