Part 15 (2/2)

1.3K 205 10
                                    

အခန်း ၁၅ ဖခင်တစ်ယောက်ဖြစ်ရတာ ပျော်ရွှင်ရတယ် (အပိုင်း ၂)

ချန်ယန်ကို အပျော်စီးသင်္ဘောကြီးတစ်စင်း ပို့ပေးခဲ့တဲ့ သူဌေးက သူတိုက်ရိုက်ထုတ်လွှင့်တဲ့ အချိန်တိုင်းနေ့တိုင်းရဲ့အဆုံးသတ်နားမှာ ချန်ယန်ကို အပျော်စီးသင်္ဘောကြီး ပေးလေ့ရှိတယ်။

သူက ချန်ယန်ကို တစ်ကြိမ်လေးတောင် အကြောင်းမပြန်ခဲ့ဘဲ ချန်ယန်ရဲ့အမာခံပရိတ်သတ်တွေကလည်း အဲ့ဒိချမ်းသာတဲ့ဖန်ကို ပိုပြီး စိတ်ဝင်စားလာကြတယ်။

ဝဘ်ဆိုဒ်က ၄၀ရာခိုင်နူန်း ၆၀ရာခိုင်နူန်း ခွဲခြားထားပြီး သူရဲ့ချမ်းသာတဲ့ပရိသတ်က ငါးရက်လောက်ဆက်ပြီး အပျော်စီးသင်္ဘောကြီးတွေကို အသုံးပြုနေခဲ့တယ်။ အဲ့တာကြောင့် ချန်ယန်လက်ထဲကို ယွမ်ငွေ တစ်သိန်းလောက် ရောက်လာခဲ့တယ်။ အခြားတစ်ဖက်က သူ့ရဲ့ကိုယ်ပိုင်ငွေကို အသုံးပြုနေတာဆိုရင် အဆင်ပြေပေမယ့် တစ်ဖက်က အသက်မပြည့်မှာကိုလဲ ချန်ယန်က စိုးရိမ်နေခဲ့တယ်။ (တိုက်ရိုက်လွှင့်တဲ့ဆီမှာ လက်ဆောင်ပေးရင် တင်ဆက်သူက အကုန်မရပါဘူး၊ ပလက်ဖောင်းကနေ ပေးတဲ့ရာခိုင်နူန်းပဲရတာပဲ၊ အစထဲက ရာခိုင်နူန်းဘယ်လောက်ဆိုပြီး စာချုပ်ချုပ်ထားတက်ကြပါတယ်)

အရင်က ဒီလိုမျိုး အဖြစ်အပျက် တစ်ခု ရှိခဲ့ဖူးတယ်။ ကျောင်းသားတစ်ယောက်က တိုက်ရိုက်လွှင့်တဲ့သူအတွက် လက်ဆောင်တွေဝယ်ဖို့ သူ့မိဘတွေရဲ့ ပိုက်ဆံကို အသုံးပြုခဲ့တယ်။ ပြသနာတက်တော့ လူတွေက တိုက်ရိုက်လွှင့်တဲ့သူကို ပစ်မှတ်ထားခဲ့ကြတယ်။ ချန်ယန်က ​​နောင်အနာဂတ်မှာ သူတို့နှစ်ယောက်လုံးကို ဒုက္ခမဖြစ်စေချင်တာကြောင့် အဲဒီနေ့က တစ်ဖက်လူရဲ့ အသက်ကို လိမ္မာပါးနပ်စွာ မေးလိုက်တယ်။

အရင်ကလိုပဲ အကြောင်းပြန်မလာတော့ဘူးလို့ ထင်နေခဲ့ပေမယ့် နောက်တစ်စက္ကန့်မှာဘဲ ချမ်းသာတဲ့ဖန်က 'မင်းထက်အသက်ကြီးတယ်' လို့ ပြန်ဖြေလာတယ်။

ဒါတွေက အဲ့နားမှာတင် မပြီးသွားဘူး။ နောက်တစ်နေ့ ချန်ယန် ဂိမ်းကို တိုက်ရိုက်ထုတ်လွှင့်နေတဲ့အချိန်မှာ ချမ်းသာတဲ့ဖန်က ဇိမ်ခံအပျော်စီးသင်္ဘော ဆယ်စီးကို တစ်ကြိမ်တည်း ဝယ်ယူပြီး သူ့ဆီကို ပို့လိုက်တယ်။ အဲ့တာက အရမ်းကျော်ကြားတဲ့သူတွေမှ ရတက်တဲ့ ပမာဏမျိုးပါ။

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာOnde as histórias ganham vida. Descobre agora