Part 25.2

949 154 3
                                    

အခန်း ၂၅ (အပိုင်း ၂)

ချန်ယန်က ကုမ္ပဏီရုံးချုပ်ကို တစ်ရက်ကြိုပြီး လေယာဥ်စီးလာခဲ့တယ်။ ချန်ယန်က သူတစ်ယောက်တည်း သွားချင်နေပြီး ကလေးက သိပ်မကြီးသေးတဲ့အတွက် ဘာမှဖြစ်လာမှာမဟုတ်ဘူးလို့ ထင်ခဲ့ပေမယ့် ရှဲ့ရန်ကတော့ ချန်ယန် သူ့‌ရှေ့မှာ မရှိရင် စိတ်မချနိုင်ပါဘူး။ အဲ့ဒိ အကြီးတစ်ယောက်နဲ့ သေးသေးလေးက သူ့ရဲ့အဖိုးတန်ဆုံး ရတနာလေးတွေဖြစ်နေတာကြောင့် သူ့ရဲ့လက်ထောက်ကို ချန်ယန်နောက် လိုက်ခိုင်းလိုက်တယ်။

သူတို့ အတူရှိနေမှ ရှဲ့ရန် နည်းနည်းသက်တောင့်သက်သာရှိနိုင်လိမ့်တယ်။

ချန်ယန်က ရှဲ့ရန်ရဲ့အစီအစဉ်ကို အေးအေးဆေးဆေး လက်ခံခဲ့တယ်။ တစ်ဖက်လူက သူ့ဘေးကင်းစေဖို့အတွက် ဒီအရာတွေအားလုံးကို လုပ်ဆောင်ပေးနေတာကို သူ နားလည်တယ်လေ။

သူက အဲဒီမှာ နှစ်ရက်ပဲနေမှာဆိုတော့ အများကြီး မယူသွားဘူး။ အဝတ်အစား နှစ်စုံ၊ ပေါ့ပေါ့ပါးပါး အဝတ်တစ်စုံနဲ့ ပွဲတက်ဝတ်စုံတွေလောက်ပဲ ယူလာခဲ့တယ်။ ထွက်ခွာမယ့်နေ့မှာ ရှဲ့ရန်က ချန်ယန်ကို လေဆိပ်အထိ လိုက်ပို့ပေးတယ်။ လေဆိပ်ဧည့်ခန်းထဲမှာ ရှဲ့ရန်က ရုတ်တရက် ချန်ယန်ကို ပွေ့ဖက်နမ်းရှုံ့လိုက်တယ်။

မျက်လုံးများစွာက သူတို့ကို ဝိုင်းကြည့်နေကြပြီး အဲ့လို လူမြင်ကွင်းမှာ အနမ်းပေးတာက ပထမဆုံးအကြိမ်ဖြစ်နေတာကြောင့် ချန်ယန်ရဲ့နားရွက်တွေက ခဏတာအတွင်း နီရဲလာတော့တယ်။

နောက်ပိုင်းမှာ ချန်ယန်က ရှဲ့ရန်ကို နှုတ်ဆက်ဖို့တောင် မေ့သွားပြီး အမြန်ထွက်သွားခဲ့တယ်။ သူ အဲဒါကို သတိရလိုက်တဲ့အချိန်မှာ သူ စောင့်ဆိုင်းရမယ့် အခန်းထဲကိုတောင် ရောက်နေပြီ။

ချန်ယန်က ရှဲ့ရန် ကားမောင်းနေမယ်လို့ ထင်နေတာကြောင့် ဖုန်းကို ချက်ချင်း မခေါ်နေတော့ဘူး။ လေယာဉ် ဆင်းသက်ပြီး နာရီအနည်းငယ်အကြာမှာ ချန်ယန်က သူ့ရဲ့ဖုန်းကို ဖွင့်လိုက်ပြီး အဆိုပါအမျိုးသားကို ဖုန်းခေါ်ကာ လေယာဉ်ပေါ်ကနေ ဆင်းပြီးလို့ ဟိုတယ်ကို သွားရမယ့် ကားကို စောင့်ဆိုင်းနေတဲ့အကြောင်း ပြောပြလိုက်တယ်။

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာWhere stories live. Discover now