Part 22.3

991 156 9
                                    

အခန်း ၂၂ အပိုင်း ၃

ပထမတော့ ချန်ယန်က မုန့်ချွီနဲ့ မန့်ချွီ့ကောင်မလေးက ဒီနေရာကို ရက်အနည်းငယ်လောက် လာရောက်လည်ပတ်တယ်လို့ ထင်ထားခဲ့ပေမယ့် အခုတော့ သူတို့နှစ်ယောက်က နွေရာသီအားလပ်ရက်ကို အခွင့်ကောင်းယူပြီး အလုပ်အကိုင် ရှာဖွေဖို့ ဆန္ဒရှိနေတာကို သိလိုက်ရတယ်။

"အလုပ်ရှာတာက ဘယ်လိုနေလဲ" ချန်ယန်က သူတို့ရဲ့တိုးတက်မှုအကြောင်း မေးလိုက်တယ်။

မုန့်ချွီရဲ့အပြုံးတွေက ရုတ်တရက် ခါးသီးလာပြီး "ငါ ဒီကိုမလာခင် အွန်လိုင်းမှာ ကိုယ်ရေးရာဇ၀င်ကို တင်သွင်းခဲ့တယ်၊ ဒါပေမယ့် မင်းသိတဲ့အတိုင်းပဲ ယန်ကောရာ၊ ရှောင်တန်းနဲ့ငါ နှစ်ယောက်စလုံးမှာက ကောလိပ်က ဒီပလိုမာတွေပဲ ရှိတယ်၊ ဒါကြောင့် ငါတို့က သူများတို့နဲ့ သိပ်ပြီး မပြိုင်နိုင်ဘူး"

"နောက်ထပ် ကုမ္ပဏီအနည်းငယ်ကို ထပ်လျှောက်ကြည့်လိုက်လေ။ မင်းတို့ majorက အလုပ်ရှာရတာ ပိုလွယ်ပါတယ်" ချန်ယန်က အားပေးလိုက်တယ်။

"အေးပါ ငါ သိပါပြီ"

"မင်းမှာ အခက်အခဲတစ်ခုခုရှိရင် ငါ့ကို ပြောလို့ရတယ်နော်" ဒါက ငွေကိစ္စတွေကို ရည်ညွှန်းတယ်ဆိုတဲ့ သီးခြားကိုးကားချက်တစ်ခုပါပဲ။

ချန်ယန်က သူ့ရဲ့ဝမ်းကွဲတော်သူက ဘယ်လိုလူမျိုးဆိုတာကို အကြမ်းဖျင်းလောက် သိထားပြီး တစ်ဖက်လူက သူ့မိသားစုဝင်တွေ အကြောင်းကို သိရှိတာကြောင့် သူက ကူညီပေးလိုစိတ် အမြဲရှိခဲ့တယ်။

"ကျေးဇူးတင်ပါတယ် ယန်ကော" ချန်ယန်သာ ဒီနေရာမှာရှိနေရင် အဆင့်မြင့်အဆောက်အဦးတွေနဲ့ ပြည့်နေတဲ့ ဒီသာယာဝပြောသောမြို့ကြီးက မုန့်ချွီကို အေးခဲစေနိုင်မှာ မဟုတ်ပါဘူး။

ချန်ယန်က ​​ဂိမ်းတိုက်ရိုက်ထုတ်လွှင့်နေတာကို မုန့်ချွီက သိထားခဲ့ပြီး အရင်တုန်းက သူက ချန်ယန့်ဆီကနေ သင်ယူဖို့ ချန်ယန့်နောက်ကို လိုက်ခဲ့သေးတယ်။ ဒါပေမယ့် သူ့မှာ အရည်အချင်းမရှိတာကြောင့် သူ ဂိမ်းဆော့တာက အရမ်းဆိုးနေပြီး သူက စောစောစီးစီး စွန့်လွှတ်ဖို့ ရွေးချယ်လိုက်တယ်။

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာWhere stories live. Discover now