Part- 3

1.7K 184 0
                                    

အခန်း ၃ သူ့ကို လိုချင်တယ်

ချန်ယန် နိုးလာတော့ အခန်းထဲတွင် သူတစ်ယောက်တည်းပဲ ရှိနေတယ်။ ချန်ယန်က မျက်လုံးကို ဖွင့်လိုက်ပြီး အဖြူရောင် မျက်နှာကျက်ကို ခနလောက် စိုက်ကြည့်နေပြီးမှ ထိတ်လန့်သွားတော့တယ်။

သူ့မျက်တောင်တွေကို တဖျပ်ဖျပ်ခတ်လိုက်ပြီး အချိန်ကို စစ်ဆေးဖို့ သူ့ဖုန်းကို လှမ်းယူလိုက်တယ်။ သူ အနည်းငယ်ရွေ့လျားလိုက်တာနဲ့ မနေ့ညတုန်းက အလွန်အကျွံ အသုံးပြုမိခဲ့တဲ့ သူ့ခန္ဓာကိုယ်ရဲ့နေရာအချို့ကို ထိမိသွားပြီး ရုတ်တရက် နာကျင်မှုကြောင့် ချန်ယန် ညည်းညူမိသွားတယ်။

တစ်ချိန်တည်းမှာပဲ မနေ့ညက အဖြစ်အပျက်တွေအကုန်လုံး တဖြေးဖြေး ပြန်ပေါ်လာတယ်။ ဒီမှတ်ဉာဏ်အရ အစပိုင်းမှာတော့ အရမ်းဆိုးပေမယ့် နောက်ပိုင်းမှာ အထူးသဖြင့် သက်တောင့်သက်သာရှိတဲ့ ကုတင်ကြီးပေါ်မှာ သူ လဲလျောင်းရတဲ့အခါ... အဲဒီမြင်ကွင်းတွေက ချန်ယန်ကို ရုတ်တရက် လက်ရှိအခြေအေနကို ပြန်ဆွဲခေါ်ခဲ့တယ်။ သူ့ပါးပြင်တွေက ချက်ချင်းပဲ နီမြန်းလာပြီး သူ့ကိုယ်သူ စောင်နဲ့ အုပ်လိုက်မိတယ်။

သူ့မျက်နှာက စောင်ထဲမှာ နစ်မြုပ်နေပြီး ချန်ယန်က မျက်မှောင်ကြုတ်နေကာ သူ့နှုတ်ခမ်းနဲ့ သွားကြားထဲကနေ စိတ်ဆိုးနေတဲ့ အသံတွေ ထွက်ပေါ်နေတယ်။

ညက ဖြစ်ပျက်ခဲ့သမျှ၊ အသေးစိတ်တိုင်းက ရုပ်ရှင်ပြန်ကြည့်နေရသလိုပဲ။

ချန်ယန်က အဲဒါကို ရှင်းရှင်းလင်းလင်း မှတ်မိတယ်။ သူ သူ့ဆံပင်တွေကိုပဲ ကြမ်းကြမ်းတမ်းတမ်း ပြန်ဆွဲထားမိတော့တယ်။ မနေ့ညက သူ သူစိမ်းတစ်ယောက်နဲ့ လုံးထွေးနေခဲ့ပြီး တစ်ဖက်လူရဲ့အောက်မှာ သူ့ခန္ဓာကိုယ်ကိုဖွင့်ပေးပြီး သူ့ခန္ဓာကိုယ်ကို သိမ်းပိုက်ဖို့ ဖိတ်ခေါ်ခဲ့တာက သူကိုယ်တိုင်ဆိုတာကို လုံးဝ မယုံနိုင်သေးဘူး။

ချန်ယန်က မနေ့က အရာအားလုံးက အိပ်မက်ဖြစ်ဖို့ မျှော်လင့်ထားပေမယ့် သူ့ခန္ဓာကိုယ်မှာ ကျန်ရှိနေတဲ့ နာကျင်မှုတွေနဲ့ ပင်ပန်းနွမ်းနယ်မှုတွေက ချန်ယန်ကို အရာအားလုံးက အမှန်ဆိုတာ သတိရစေတယ်။

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာWhere stories live. Discover now