Part 32.1

944 178 6
                                    

အခန်း ၃၂ (အပိုင်း ၁)

မီးနေခန်းမှာ ကျွမ်းကျင်ပညာရှင်တွေက ချန်ယန်ကို ဂရုတစိုက် ပြုစုစောင့်ရှောက်ပေးခဲ့ကြပြီး ချန်ယန်က အဲ့မှာတစ်လခွဲလောက်ကြာအောင် နေထိုင်ခဲ့ရတယ်။ ဇူလိုင်လလယ်လောက်မှာ‌တော့ သူက သူ့ရဲ့ကလေးလေးနဲ့အတူ အဲ့နေရာကနေ ထွက်ခွာလာခဲ့တယ်။

ရှဲ့ရန်က ထိုနေ့ရဲ့ အစောပိုင်းကတည်းက ရောက်နေခဲ့ပြီး သားဖြစ်သူကို လက်တစ်ဖက်နဲ့ပွေ့ထားရင်း နောက်လက်တစ်ဖက်က ဇနီးသည်ကို ‌ပွေ့ဖက်ကာ သူ့ရဲ့ရတနာလေးနှစ်ခုကို ကားဆီကို သေသေချာချာ ခေါ်လာခဲ့တယ်။

ရှဲ့အဖေမှာ လုပ်စရာရှိနေတာကြောင့် သူနဲ့အတူ လိုက်မလာနိုင်တဲ့အတွက် သူ့မိန်းမ ယွင်ယွင်တစ်ယောက်တည်း ရောက်လာတယ်။

ယွမ်ယွမ်က ရှဲ့ရန်နဲ့ သူ့မိသားစုရဲ့ ပျော်ရွှင်ပြီး လိုက်ဖက်ညီနေတဲ့ မြင်ကွင်းလေးကို မြင်နေရတာကြောင့် သူမနှလုံးသားထဲကနေ ဝမ်းသာနေခဲ့တယ်။

ယွင်ယွင်က သူမကိုယ်သူမ DINK တစ်ယောက်ဖြစ်တာကို သိနေပြီး သူမက ငယ်ငယ်ကတည်းက အနာဂတ်မှာ ကလေးမရှိနိုင်တာကို သူမ သိတယ်။

(DINK က ဗန်းစကားပါ၊ ကလေးမယူပဲ နှစ်ယောက်လုံး အလုပ်ထွက်လုပ်တဲ့ အိမ်ထောင်ရှင်တွေကို သုံးတဲ့စကားပါ)

ရှဲ့အဖေ မတိုင်မီက ယွင်ယွင်မှာ ရည်းစားရှိခဲ့ဖူးပေမယ့် အနာဂတ်အတွက် တိုင်ပင်ကြတဲ့အခါ ကလေးယူမည့်ကိစ္စနဲ့ ပတ်သက်ပြီး ထိုအမျိုးသားက ယွင်ယွင်ရဲ့ အယူအဆတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်နေခဲ့တယ်။ သူက ကလေးယူဖို့ တောင်းဆိုခဲ့ကြောင့် အဲ့နောက်ပိုင်း သိပ်မကြာခင် သူမက သူ့ကို လမ်းခွဲလိုက်တယ်။

ရှဲ့အဖေနဲ့ မတွေ့ခင် ယွင်ယွင်က အချိန်အတော်ကြာကြီး တစ်ယောက်တည်းနေခဲ့တယ်။ သူမက တစ်သက်တာလုံး တစ်ယောက်တည်း နေရရင်တောင် အရေးမကြီးဘူးလို့ တွေးခဲ့ဖူးတယ်။

သူမက နှစ်စဉ်နှစ်တိုင်း အချိန်မှန် ကျန်းမာရေးစစ်ဆေးဖို့ ဆေးရုံကို သွားလေ့ရှိပြီး သူမတို့မိသားစုမှာလည်း မျိုးရိုးလိုက်တဲ့ရောဂါ ဘာညာ မရှိဘူး။ ယွင်ယွင်က ရှဲ့အဖေနဲ့ တွေ့ဆုံချိန်မှာ ရှဲ့အဖေရဲ့ဇနီးဟောင်းအပေါ်ထားတဲ့ ချစ်ခင်မြတ်နိုးမှုကြောင့် လှုံ့ဆော်ခံခဲ့ရတယ်။ နောက်ပိုင်းမှာ ထိုအမျိုးသားက ယောကျာ်းမိန်းမ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး အရမ်းအလေးအနက်ထားတဲ့သူတစ်ဦး ဖြစ်တာကို သူမ သိခဲ့ရတယ်။ သူက ယွင်ယွင်ကို သူ နောက်ထပ် ကလေးမမွေးနိုင်တော့တဲ့ကြောင်း ပြောပြခဲ့တယ်။ သူက သူ့ ဇနီးဟောင်း ကွယ်လွန်ပြီး မကြာခင်မှာပဲ ဆေးရုံသွားပြီး ခွဲစိတ်မှု ခံယူထားခဲ့တယ်။

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာМесто, где живут истории. Откройте их для себя