Part 23.1

1K 154 4
                                    

အခန်း ၂၃ အပိုင်း ၁

သူတို့ ညစာစားခဲ့တဲ့ ဟော့ပေါ့ဆိုင်က အိမ်ယာဝန်းနဲ့ မနီးမဝေးမှာရှိနေတာကြောင့် မိနစ်အနည်းငယ်အတွင်း အိမ်ပြန်ရောက်နိုင်တယ်။ ချန်ယန်က မုန့်ချွီတို့ကို နှုတ်ဆက်ပြီးတာနဲ့ အိမ်ယာဝန်းဘက်ကို မျက်နှာမူလိုက်ပြီး သူနဲ့ရှဲ့ရန်တို့ နေထိုင်တဲ့ နွေးထွေးတဲ့ အိမ်ကလေးဆီသို့ လျှောက်လာခဲ့တယ်။

သူ အိမ်ပြန်ရောက်ပြီး ဖိနပ်ကို ဖိနပ်ပုံးထဲက ယူလိုက်တဲ့အခါ ရှဲ့ရန်ရဲ့ဖိနပ်ရှိမနေတာကို တွေ့လိုက်ရတယ်။ သေချာတာက သူ ပြန်ရောက်နေပြီ။ ဒါပေမယ့် ဧည့်ခန်းထဲမှာ လူ မရှိဘူး။ ချန်ယန်က ထိုလူ ဒုတိယထပ်က စာကြည့်ခန်းထဲမှာ ရှိနေနိုင်တယ်လို့ မှန်းဆလိုက်တယ်။ ချန်ယန်ရဲ့ နူးညံ့နွေးထွေးတဲ့ မျက်လုံးလေးတွေက အမှတ်တမဲ့ ဧည့်ခန်းအလယ်ရှိက ကော်ဖီစားပွဲဆီသို့ လှမ်းကြည့်လိုက်တယ်။ သူ မျှော်လင့်ထားတဲ့အတိုင်း ကော်ဖီစားပွဲပေါ်တွင် လှလှပပ ထုပ်ပိုးထားတဲ့ ကိတ်မုန့်လေးနှစ်ခုရှိနေတယ်။ ချန်ယန်က အဲဒါတွေကို လှမ်းယူလိုက်တယ်။

ချန်ယန်က မုန့်ကို ချက်ခြင်း မစားဘဲ ထမင်းစားခန်းမှာ ထားလိုက်တယ်။ ရှဲ့ရန်က အလုပ်လုပ်နေတဲ့အချိန်ဆိုရင် တစ်ခါတစ်ရံ ရေသောက်ဖို့ မေ့နေတတ်တက်တာကို ချန်ယန်က သိတယ်။ အဲ့တာကြောင့် သူက သန့်ရှင်းတဲ့ခွက်တစ်ခွက်ကို ယူလိုက်ပြီး ရေနွေးထည့်လိုက်တယ်။ ပြီးတော့ ခွက်ကို ကိုင်ဆောင်ပြီး လှေကားကနေ တက်လာခဲ့လိုက်တယ်။

ဒီအချိန်မှာ ချန်ယန်ရဲ့ဗိုက်က အရမ်းမကြီးသေးတဲ့အတွက် လှေကားကနေ တက်လာရတာက အဆင်ပြေနေသေးတယ်၊ ဒီထက်ပိုကြီးလာရင်တော့ မသေချာတော့ဘူး။

စာကြည့်ခန်းရှေ့ရောက်တော့ ချန်ယန်က တံခါးကို နှစ်ကြိမ်ခေါက်လိုက်ပြီးမှ တံခါးလက်ကိုင်ကို ကိုင်ပြီး တံခါးကို တွန်းဖွင့်လိုက်တယ်။ တစ်ဖက်လူက စားပွဲနောက်မှာ ထိုင်နေပြီး အနက်ရောင်အနောက်တိုင်းဝတ်စုံကို ၀တ်ထားဆဲပဲ။ သူက တံခါးခေါက်သံကို ကြားရတယ်။ ဒါပေမယ့် ဒီအချိန်မှာ ဒီတစ်အိမ်လုံးမှာ သူတို့နှစ်ယောက်ပဲရှိတယ်။ အလုပ်လာလုပ်ဖို့ ခေါ်ထားခံရတဲ့ အဒေါ်ကြီးတွေက အလုပ်ပြီးတာနဲ့ အရင် ပြန်သွားလေ့ရှိတယ်။ အဲ့ဒါကြောင့် ရှဲ့ရန်က ချန်ယန်ရောက်လာတယ်ဆိုတာကို သိလိုက်တယ်။

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာDove le storie prendono vita. Scoprilo ora