Part 37.1

689 146 3
                                    

အခန်း ၃၇ (အပိုင်း ၁)

မျက်ရစ်တစ်ဖက်တည်းရှိတဲ့ အမျိုးသားက ချန်ယန်ကို တမင်တကာ ဝင်တိုက်ပြီး မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ကြည့်နေတယ်။

"မင်းက ဘာကောင်လဲ? သူများကို ဝင်တိုက်မိတာတောင် တောင်းပန်စကား မပြောချင်ဘူးလား?"

"...သူ့မှာ ချောမောလှပတဲ့ မျက်နှာလေး ရှိတယ်ကွ။ သူ့ဘေးက တစ်ယောက်က သူ့ရဲ့ စပွန်ဆာထင်တယ်?"

"ဖူး... ရွံစရာကောင်းလိုက်တာ!"

မျက်ရစ်တစ်ဖက်တည်းရှိတဲ့လူရဲ့စကားတွေက ပိုပိုပြီး နားမခံသာအောင် ဖြစ်လာတယ်။ သူက ချန်ယန်နဲ့ ရှဲ့ရန်ရဲ့ တိတ်ဆိတ်နေမှုကို အခွင့်ကောင်းယူပြီး တစ်ဖက်လူတွေကအားနည်းလို့ အနိုင်ကျင့်ဖို့ လွယ်မယ်လို့ တွေးလိုက်တယ်။

ဟိုဟိုဒီဒီ ဖြစ်ပျက်နေတာကို မြင်တော့ လမ်းသွားလမ်းလာတွေက ကြည့်လာကြပေမယ့် ဒီလူသုံးယောက်က ရက်စက်တဲ့ ပုံပေါက်နေတာဆိုတော့ သူတို့ကို ထိခိုက်မှာကို စိုးရိမ်ပြီး ဘယ်သူမှ ရှေ့တိုး မလာရဲကြဘူး။

မျက်ရစ်တစ်ဖက်တည်းရှိတဲ့လူရဲ့ အခြားအဖော်နှစ်ယောက်ကလည်း ဘယ်ညာနှစ်ဖက်မှ ထွက်လာကြတယ်။

ဒီအခိုက်အတန့်မှာ သူတို့အားလုံး အရက်မူးနေကြပေမယ့် သတိလေးနည်းနည်း ရှိနေသေးရင် ရှဲ့ရန်ရဲ့ ရုတ်တရက် မှိုင်းညို့လာတဲ့ မျက်လုံးတွေကို တွေ့ပြီး ဒီလူတွေကို နည်းနည်းလေးတောင် မစော်ကားသင့်ဘူးဆိုတာ သူတို့ သိကြလိမ့်မယ်၊ ဒါပေမယ့်လည်း သူတို့က သူတို့ရှေ့ကလူကို မကြည့်မိကြဘူး။

"ငါတို့နဲ့ လိုက်..." ဝါးလုံးလို ပိန်လှီနေတဲ့ ဘက်ဘက်ကလူက စကားတောင်ဆုံးအောင် မပြောလိုက်ရဘူး။

သူ့ဇနီးလေးရဲ့ရှေ့ကနေ ကာကွယ်ပေးနေတဲ့ ရှဲ့ရန်ရဲ့မျက်လုံးတွေက အရမ်းအေးစက်သွားပြီး သူ့ရဲ့ခြေထောက်ရှည်ကြီးက ရှေ့ကို ဆန့်ထွက်သွားတယ်။ သူက ညစ်ညမ်းတဲ့စကားတွေ ပြောနေတဲ့လူရဲ့ပါးစပ်ကို တိုက်ရိုက် ကန်ထုတ်လိုက်တယ်။ အဲ့ကန်ချက်က လုံးဝ ပေါ့ပေါ့ပါးပါး မဟုတ်ဘူးဆိုတာ မြင်လိုက်ရတဲ့သူတွေအားလုံး သိနိုင်တယ်။

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာWhere stories live. Discover now