Part - 19

1.2K 165 6
                                    

အခန်း ၁၉ နှင်းဆီပန်းများ ပေးပို့ခြင်း

သီချင်းဆိုပြိုင်ပွဲက သတ်မှတ်ရက်အတိုင်း ကျင်းပခဲ့ပြီး ချန်ယန်တို့ ကွန်ပြူတာကျောင်းရဲ့ အစီအစဉ်က အလယ်တန်းအဆင့် သီချင်းဆိုပြိုင်ပွဲအတွက် စာရင်းပေးထားတာပါ။ အစီအစဥ်တော်တော်များများက သီချင်းကို ဦးစားပေးတဲ့ အစီအစဥ်တွေဖြစ်ပေမယ့် သီချင်းဆို ပြိုင်ပွဲကလဲ အတော်အသင့်တော့ လူကြိုက်များနေသေးတယ်။

ဂီတကျောင်းနဲ့ နိုင်ငံခြားဘာသာကျောင်းတွေရဲ့ အစီအစဉ်တွေက လွဲပြီး ကျန်တဲ့ပရိုဂရမ်တွေက နည်းနည်းတော့ ရိုးရှင်းလွန်းနေတယ်။

ဒီတစ်ခုပြီးရင် သူ့အလှည့်ဖြစ်နေတာကြောင့် ချန်ယန်က စတိတ်စင်နောက်မှာ စောင့်နေခဲ့တယ်။

အပြင်က ပရိသတ်တွေရဲ့ ဆူညံလွန်းတဲ့အသံတွေကို ရုတ်တရက် ကြားလိုက်ရပြီး နောက်မှာတော့ နိုင်ငံခြားသီချင်းဖြစ်တဲ့ The Moon Represents My Heart ကို တရုတ်နဲ့လိုက်လျောညီထွေဖြစ်အောင် ပြန်ပြင်ထားတဲ့ သီချင်းတစ်ပုဒ်ရဲ့ အသံထွက်လာတယ်။

ချန်ယန်က ခေါင်းကို မော့လိုက်ပြီး သီချင်းသံကြားရာကို တစ်ချက်ကြည့်လိုက်ပေမယ့် သူက အစီအစဉ်ကို ဖတ်ထားပြီးပြီမို့ စင်မြင့်ပေါ်မှာ ဘယ်သူ သီချင်းဆိုနေတယ်ဆိုတာကို အတိအကျ သိနေတယ်။

အဲဒီအကြောင်းပြောရရင် အဲဒီလူက အခုနလေးတင် ချန်ယန်ဆီကို ရောက်လာပြီး ဒီသီချင်းကို ချန်ယန်အတွက် အထူးသီဆိုထားတာလို့ ပြောသွားသေးတယ်။

အဲ့အချိန်တုန်းက ချန်ယန်က ထိုင်ခုံပေါ်မှာ ထိုင်နေပြီး အပိုစကားတွေကို ချောချောမောမော လိမ်ညာပြောနိုင်တဲ့ ရှန့်ကျားချီကို တစ်ချက် မော့ကြည့်ပေးလိုက်တယ်။

ဒီလူရဲ့ချစ်သူက ပရိသတ်ထဲမှာ ထိုင်နေတာတောင် သူက ဒီလိုတွေ လာပြောနေတာဆိုတော့ ဒီလူရူးနေတယ်လို့ပဲ ချန်ယန်က သတ်မှတ်လိုက်တယ်။

ချန်ယန်က ဒီလူနဲ့ စကားမပြောချင်တာကြောင့် သီချင်းစာသားကိုပဲ ကျက်နေပြီး ရှန့်ကျားချီကို လျစ်လျူရှုလိုက်တယ်။

ရှန့်ကျားချီက ကြင်နာတက်ပြီး အရမ်းကို နွေးထွေးတက်တဲ့သူဖြစ်တာကြောင့် တစ်ဖက်လူက ရံဖန်ရံခါ သူ့ကို အနှောက်အသွားမလွတ်တဲ့ စကားတွေ ပြောပေမယ့် ချန်ယန်ရဲ့ဘဝအပေါ် သက်ရောက်မှု အနည်းငယ်ပဲ ရှိတယ်။ ချန်ယန်က သူ့သဘောထားကို မပြောင်းပဲ တစ်ဖက်လူကို ဂရုမစိုက်ကြောင်း အမြဲ ပြသခဲ့တယ်။

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာWhere stories live. Discover now