Part 39.1

654 136 5
                                    

အခန်း ၃၉ (အပိုင်း ၁)

ဇီဒန်းက ထွက်သွားခဲ့ပေမယ့် အဲဒီညမှာ သူက သူ့ရဲ့ Weiboမှာ ဗီဒီယိုအတိုလေးတစ်ခု တင်ခဲ့တယ်။ ဗီဒီယိုထဲမှာ ရှဲ့ရန် မပါပေမယ့် ချန်ယန်နဲ့ ဟုန်ကျန့်တို့ ပါဝင်ခဲ့ပြီး ချစ်စရာကောင်လေးတစ်ယောက်တောင် ပါဝင်ခဲ့တယ်။

ရှဲ့ရန်ကို သူ ဓာတ်ပုံမရိုက်ရတဲ့ အကြောင်းအရင်းကတော့ ချန်ယန်တို့က သူတို့က Gay လို့ ဝန်ခံထားကြပေမယ့် သူတို့ရဲ့ ဆက်ဆံရေးကို လူသိရှင်ကြား ကျယ်ကျယ်ပြန့်ပြန့် ထုတ်မပြသေးတာကြောင့်ပါ။

ပြီးခဲ့တဲ့ အကြိမ်မှာ တစ်စုံတစ်ဦးက ချန်ယန်ကို ရှဲ့ရန်က စပွန်ဆာပေးထားတယ်လို့ မလိုလားအပ်တဲ့ ထင်ကြေးတွေ ပေးခဲ့တာကြောင့် ဇီဒန်းက လူတွေကို အဲ့လို ထပ်ပြီး ထင်မြင်ယူဆဖို့ ခွင့်မပြုနိုင်တော့ပါဘူး။

သေချာစဉ်းစားကြည့်ရင်၊ တစ်ယောက်က လူသိများတဲ့ တိုက်ရိုက်တင်ဆက်သူဖြစ်ပြီး နောက်တစ်ယောက်ကတော့ Sပြည်နယ်ရဲ့အချမ်းသာဆုံးသူ ဖြစ်နေတယ်။ ဒီလူနှစ်ယောက်ကြားက ဆက်ဆံရေးကို လူသိရှင်ကြားထုတ်ပြလိုက်ရင် လူတွေရဲ့အခြားသူတွေအပေါ် မနာလိုတက်တဲ့ အကျင့်ကြောင့် ပေါက်ကရတွေ ကောက်ချက်ချလာနိုင်တယ်။

ဟုန်ကျန့်ကတော့ ရှဲ့ရန်လောက် ကျော်ကြားမှု မမြင့်တာကြောင့် ဇီဒန်းက သူ့ကို မရှောင်တော့ဘူး။

ဗီဒီယို တင်ပြီးတဲ့နောက်မှာ ဇီဒန်းက ချန်ယန်ဆီကိုလည်း ပို့ပေးလိုက်တယ်။ ချန်ယန်က ညနေပိုင်း ရေချိုးပြီး အိပ်ယာပေါ် ထိုင်နေတဲ့အချိန် Weibo ထဲကို ဝင်လိုက်တယ်။ ဇီဒန်း တင်ထားတဲ့ ဗီဒီယိုအတိုကို သူ တွေ့လိုက်တာကြောင့် သူလည်း အဲ့တာကို ပြန်တင်လိုက်တယ်။

အဲ့ဗီဒီယိုမှာ ချန်ယန်ရဲ့ရင်ခွင်ထဲမှာ ပွေ့ထားတဲ့ ကလေးငယ်လေးရဲ့ မျက်နှာပါဝင်တဲ့ ဓာတ်ပုံတစ်ပုံ ပါတယ်။ တချက်ကြည့်တာနဲ့ သားအဖအရင်းမှန်း သိသာလွန်းတယ်။

ချန်ယန်ရဲ့ပရိသတ်တွေ အထူးသဖြင့် အမျိုးသမီးပရိသတ်တွေက အချင်းချင်းပွေ့ဖက်ပြီး ကျယ်လောင်စွာ အော်ဟစ်နေကြတယ်။

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာWhere stories live. Discover now