Part 41.1

556 128 1
                                    

အခန်း ၄၁ (အပိုင်း ၁)

မြေပြင်ပေါ်ကို လဲကျသွားတဲ့ ဆံဖြူကောင်ကတော့ ဒီတစ်ကြိမ်မှာ သူက သံပြားကို ကန်မိပြီလို့ ယောင်ဝါးဝါး ခံစားလိုက်ရတယ်။ သူက ဒီလမ်းကြောင်းပေါ်မှာ အကြိမ်ပေါင်းများစွာ သွားလာနေခဲ့ပြီး သူက အခြားသူတွေထက် အမြဲတမ်း သာလွန်နေခဲ့တယ်။ သူ့ကို ဘယ်သူမှ မ‌ကျော်နိုင်ဘူး။

အခုကျတော့ တစ်ဖက်က သတိမပြုမိဘဲ သူ့ကို နှစ်ကြိမ်ဆက်တိုက် ကျော်တက်သွားခဲ့တယ်။ အဲ့အချိန်မှာ သူက မရပ်တန့်နိုင်တဲ့ ဒေါသတွေ ထွက်လာတယ်။ တကယ်တော့ အရက်သောက်ထားတာကြောင့်လဲ ပါတယ်။

နောက်ပြီး ရဲစခန်းမှာ သူ့လူ ရှိနေတာကြောင့် တစ်ခုခု ဖြစ်ခဲ့ရင်တောင် ချောချောမွေ့မွေ့ လွတ်မြောက်နိုင်မယ်လို့ သူ ယုံကြည်တယ်။

နောက်တစ်ချက်က သူက ဒီ Raphael K7 ကို မြင်မြင်ချင်း မှတ်မိပြီး ဒီမြို့မှာ ဘယ်သူက ဒီ Raphael K7 ကို ပိုင်ဆိုင်မှန်းတောင် သူ သိသေးတယ်။ ကားလိုင်စင်နံပါတ်ပြားက ဒီမြို့ကဖြစ်ပြီး ကားပေါ်ရှိလူက သူနဲ့ လုံးဝ မရင်းနှီးဘူး။ အဲ့တာကြောင့် ဇီဒန်းနဲ့ ချန်ယန်တို့က ဘာမှမရေးမကြီးတဲ့ လူတွေလို့ သူ ချက်ချင်း ကောက်ချက်ချခဲ့တယ်။ သူက ဒေါသတွေကို မျိုချရတာ မကြိုက်သလို သူ့မကျေမနပ်ဖြစ်မှုကိုလည်း ထုတ်ဖော်ပြသတက်တယ်။ အဲဒါကြောင့် ဒီ Raphael ကို ရပ်ခိုင်းဖို့ သူ့အဖော်တွေကို လုပ်ခိုင်းလိုက်တယ်။

ပထမတော့ သူ့အစီအစဉ်အတိုင်း ချောချောမွေ့မွေ့ ဖြစ်သွားပေမယ့် တွေးထားပေမယ့် လမ်းခုလတ်မှာ မထင်မှတ်ထားတဲ့ အရာတစ်ခုက ဖြစ်သွားပြီး နောက်ထပ်လူတစ်ယောက် ထပ်‌ရောက်လာတယ်။

အဲ့လူရဲ့ လက်သီးနဲ့ ကန်ချက်တွေနဲ့ အရမ်းအစွမ်းထက်ပြီး ကိုယ်ခံပညာ နည်းလမ်းမျိုးစုံကို ကျွမ်းကျင်တဲ့သူတစ်ဦးဖြစ်ပုံရတယ်။ သူက သူတို့ငါးယောက်လုံးကို တစ်ချက်၊ နှစ်ချက်နဲ့ အလဲထိုးလိုက်တယ်။

ဒါပေမယ့် သူတို့ အသိုင်းအဝိုင်းထဲကလူတိုင်းကို သူ သိတယ်။ အဲ့တာကြောင့် ရဲကို ဖုန်းဆက်လိုက်တာက အကောင်းဆုံးပဲ၊ ပြီးရင် သူ့ကို ရန်လာစခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို သူတို့ သိအောင် ပြောပြလိုက်မယ်။

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာWhere stories live. Discover now