Part 38.1

701 145 1
                                    

အခန်း ၃၈ (အပိုင်း ၁)

"ဒီနေ့ အတွက် မင်းမှာ ဘာမှ လုပ်စရာမရှိတော့ဘူးလား?" ရှဲ့ရန်က ဟုန်ကျန့် ကလေးငယ်လေးအတွက် ပေးခဲ့တဲ့ အနီရောင်ကြိုးလေး တစ်ချက်ကြည့်လိုက်တယ်။ သူက အဲ့အနက်ရောင်ပုတီးစေ့အကြောင်းကို မှတ်မိနေတာကြောင့် ဟုန်ကျန့်ကို မေးလိုက်တာပါ။

ဟုန်ကျန့်က ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး "မရှိတော့ဘူး၊ ညဘက် ခဏပဲရှိတော့တယ်"

"ဘယ် အချိန်လဲ?"

"ရှစ်နာရီ"

ရှဲ့ရန်က ဟုန်ကျန့်ကို ထိုင်ခိုင်းလိုက်တယ်။ "စောသေးတယ်၊ မသွားခင် ထမင်းသွားစားရအောင်"

လူနှစ်ယောက်က အဲ့နေရာမှာ စကားပြောနေကြပြီး သူတို့ပတ်ဝန်းကျင်က လူတွေက စောင့်ကြည့် နားထောင်နေကြတယ်။

"ကောင်းပြီ" ဟုန်ကျန့်က စစ်တပ်မှာ နှစ်အတော်ကြာ နေခဲ့ပြီး သူ့သူငယ်ချင်းဟောင်းတွေထဲက ရှဲ့ရန်နဲ့ အတော်လေး ရင်းနှီးပေမယ့် အခြားသူတွေနဲ့ကတော့ အခြေခံအားဖြင့် ဆက်ဆံရေးက မှေးမှိန်သွားကြပြီ။

ရှဲ့ရန်က ရုတ်တရက် ဇနီးနဲ့ သားရှိတယ်ဆိုတဲ့ သတင်းထွက်လာတဲ့ အကြောင်းကို ပထမဆုံးကြားရတဲ့အချိန်မှာ သူ အနည်းငယ်တော့ အံ့အားသင့်ခဲ့ရတယ်။ အနည်းဆုံးတော့ သူ့မှတ်ဥာဏ်ထဲက ရှဲ့ရန်ရဲ့အလုပ်အပေါ်မှာပဲ စိတ်အားထက်သန်ပြီး အလုပ်က တခြားအရာတွေထက် ပိုအရေးကြီးတယ်။ အခုတော့ သူ့သူငယ်ချင်းက ပျော်ရွှင်စရာကောင်းတဲ့ မိသားစုကို ပိုင်ဆိုင်ထားပုံရပြီး ဟုန်ကျန့်ကို အနည်းငယ် ထိမိသွားစေတယ်။

သူက လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သူ့မိသားစုကို Come out လုပ်ခဲ့ပြီး သူ့ပတ်ဝန်းကျင်မှာ ရှိခဲ့တဲ့ လူအချို့က သူ့အတွက် မှန်ကန်တဲ့သူတွေ ဖြစ်ပုံမပေါ်ပါဘူး။ အချိန်တွေကြာလာတာနဲ့အမျှ သူလည်း အဲ့လူတွေကို ဂရုမစိုက်တော့ဘူး။ သင့်တော်တဲ့ တစ်ယောက်ယောက်ကို ရှာတွေ့နိုင်ရင် ကံကောင်းတယ်လို့ သတ်မှတ်ပြီး မရှာနိုင်ရင်လည်း ဘဝကို ဒီအတိုင်းပဲ ဆက်ပြီး ဖြတ်သန်းဖို့ ဆုံးဖြတ်ထားတယ်။

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာWhere stories live. Discover now