Part 25.1

1K 154 3
                                    

အခန်း ၂၅ (အပိုင်း ၁)

ရှဲ့ရန်က သူ့ကို ချုပ်နှောင်ထားတယ်ဆိုတဲ့ သူ့ညီဝမ်းကွဲရဲ့ထင်မြင်ချက်ကို ရင်ဆိုင်လိုက်ရတဲ့အချိန်မှာ ရုတ်တရက် ချန်ယန်က သူ ကြားတာမှားနေတယ်လို့တောင် တွေးလိုက်မိတယ်။

ဒေါသနဲ့ဝမ်းနည်းတွေ ရောထွေးနေတဲ့ မုန့်ချွီက သူ့ကို လုံးလုံးလျားလျား စိုက်ကြည့်နေတယ်။ ချန်ယန်က နည်းနည်း ထိတ်လန့်သွားပေမယ့် သူ့ဝမ်းကွဲရဲ့ စိတ်ကူးကိုတော့ သဘောကျနေမိတယ်။

မုန့်ချွီက သူ့ကို ကန့်ကွက်မယ့်အစား သူ့ကို ဒီလိုမေးခွန်းမျိုးမေးဖို့ ရွေးချယ်ခဲ့တယ်။ ချန်ယန်ရဲ့အမြင်အရတော့ အဲ့တာက ပိုမိုကောင်းမွန်တဲ့ရလဒ်ဖြစ်နေပြီ။

ချန်ယန် ကိုယ့်တိုင်လည်း တချို့အရာတွေကို သိပါတယ်။ လိင်တူနှစ်သက်သူတစ်ယောက်အနေနဲ့ အခုအချိန်အထိ သူ တွေ့ဖူးမြင်ဖူးထားတဲ့ အချက်အလက်တွေအရ ယောက်ျားတစ်ယောက်နဲ့ ယောက်ျားတစ်ယောက် ဆက်ဆံရေးမှာ ရေရှည်တည်တံ့နိုင်တဲ့ ဆက်ဆံရေးတွေ အများကြီး မရှိသေးပါဘူး။

တကယ်လို့ သူက မုန့်ချွီရဲ့အနေအထားမှာ ရပ်တည်နေပြီး၊ သူက လိင်ကွဲစိတ်ဝင်စားတဲ့သူဖြစ်ကာ သူနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတဲ့ မိသားစုဝင်တစ်ဦးက လိင်တူနှစ်သက်သူတစ်ဦးဖြစ်နေပြီး အခြားယောကျာ်းတစ်ဦးနဲ့ ရုတ်တရက် နေထိုင်နေတယ်ဆိုရင် သူ ဘယ်လိုတွေးမိမလဲ?? ပြီးတော့ အခြားတစ်ဖက်ရဲ့ ကြွယ်ဝမှုနဲ့နောက်ခံအခြေအနေက သူတို့မိသားစုထက်သာလွန်နေတယ်ဆိုတာထက် ကွာခြားချက်က တကယ့်ကို ကြီးမားလွန်းနေတယ်။

ချန်ယန် ကိုယ်တိုင်ဆိုရင်တော့ ဒီလိုမညီမျှတဲ့ ဆက်ဆံရေးကို သဘောမတူနိုင်ပါဘူး။ ဒါပေမယ့်လဲ သူ့ကို ချုပ်နှောင်ထားတယ်ဆိုတဲ့ ထင်မြင်ယူဆချက်တွေကိုတော့ သူ တွေးမိမှာ မဟုတ်ပါဘူး။

မုန့်ချွီရဲ့ စူးရှတဲ့ အကြည့်တွေအောက်မှာ ချန်ယန်က ခေါင်းယမ်းပြလိုက်တယ်။

"မဟုတ်ဘူး၊ မင်း အထင်လွဲနေတာ ဖြစ်မယ်၊ ငါတို့က လွတ်လွတ်လပ်လပ် ချစ်ခွင့်ရှိပါတယ်"

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာWhere stories live. Discover now