Part 26.1

970 159 6
                                    

အခန်း ၂၆ (အပိုင်း ၁)

ထိုညမှာတော့ ချန်ယန်က လှဲချလိုက်ပြီး အိပ်ရာဝင်လိုက်ရာ သူမျှော်မှန်းထားတဲ့အတိုင်း မအိပ်နိုင်ပဲ ဟိုလှည့်သည်လှည့်လုပ်နေခဲ့ရပြီး နောက်ဆုံး သူ အိပ်ပျော်သွားချိန်က မနက်အစောကြီးနီးပါး ဖြစ်နေပြီ။ သူက ညဘက်မှာ အိပ်မက်တွေ အများကြီးမက်ခဲ့ပြီး နောက်တစ်နေ့မှာတော့ ချန်ယန်က ခေါင်းကိုက်ပြီး နိုးလာခဲ့ရတယ်။

ကျိုးဟွေ့က ချန်ယန် မျက်မှောင်ကြုတ်နေတယ်ကို သတိပြုမိပြီး မနေ့ညက သူ ကောင်းကောင်းအိပ်မပျော်ဘူးလားလို့ ချန်ယန်ကို မေးလာတယ်။ ချန်ယန်က ခေါင်းညိတ်ပြလိုက်တယ်။ ကျိုးဟွေ့ကို ဘာမှ ဖုံးကွယ်ထားစရာ မလိုဘူးလေ။

ကျိုးဟွေ့ရဲ့အကြံပြုချက်ကတော့ ချန်ယန်က ​​သူ့ကိုယ်သူ သက်သာရာရစေဖို့ သူ့နားထင်တွေကို ဖိထားဖို့ပါပဲ။ ချန်ယန်က ဆိုဖာအစွန်းမှာ ထိုင်နေရင်း ကျိုးဟွေ့ရဲ့ ညွှန်ကြားချက်အတိုင်း သူ့နားထင်တွေကို ညင်ညင်သာသာ ပွတ်သပ်နေလိုက်တယ်။ ချန်ယန်က မနက်စာကို အပြင်ထွက်မစားချင်တာကြောင့် ကျိုးဟွေ့က အောက်ဆင်းသွားပြီး မနက်စာ ယူလာပေးခဲ့တယ်။

ဆုပေးပွဲအခမ်းအနားကို နေ့လယ် ၂ နာရီမှာ ကျင်းပမှာဆိုတော့ သူ အခန်းထဲမှာ ခဏ နားနေသင့်တယ်။ ချန်ယန်က ​​အခန်းထဲမှာ အနားယူနေပြီး ပြန်လည်သက်သာလာအောင် အားမွေးရမယ်လေ။

မွန်းတည့်ချိန်မှာတော့ နှစ်ယောက်သား အတူထွက်လာခဲ့ကြပြီး ဟိုတယ်အောက်ထပ်မှာ နေ့လည်စာစားပြီးတာနဲ့ ချန်ယန်က ကျိုးဟွေ့နဲ့အတူ တက္ကစီစီးပြီး အခမ်းအနားသို့ အမြန်ပြေးသွားခဲ့တယ်။

အချိန်က တစ်နာရီကျော်နေပြီဖြစ်ပြီး ကွင်းထဲကို ဝင်ဖို့ ကော်ဇောနီခင်းထားတာကြောင့် ချန်ယန်က ကော်ဇောနီပေါ်လျောက်ရပြီး လက်ထောက်က ချန်ယန်နဲ့ မလိုက်နိုင်တော့ဘူး။ ချန်ယန် တစ်ယောက်တည်း လမ်းလျှောက်လိုက်ရတယ်။

ကော်ဇောနီရဲ့တစ်ဖက်ခြမ်းမှာ မီဒီယာတွေက သတင်းထောက်တချို့ ရပ်နေကြပြီး ချန်ယန်က အဲဒီပေါ်ကို လျှောက်သွားတဲ့အခါ အလင်းတန်းတွေ အများကြီးက လင်းထိန်လာတာကို သူ ပထမဆုံး အကြိမ်အဖြစ် ခံစားလိုက်ရတယ်။ တခဏချင်းမှာပဲ လူတိုင်းရဲ့မျက်လုံးတွေက သူ့ကို အာရုံစိုက်နေသလိုပါပဲ။

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာWhere stories live. Discover now